ဘင်္ဂလာဒေ့ရှ် နိုင်ငံအခြေစိုက် ရခိုင်သတင်းဌာန တခုဖြစ်သည့် နိရဉ္စရာသတင်းဌာန ဝက်ဆိုက် www.nayrinjara.org သည် ယမန်နေ့ ကတည်းက ဖွင့်မရပေ။ ယင်းသို့ ဝက်ဆိုက်ဖွင့်မရခြင်းမှာ ဟက်ကာများက တိုက်ခိုက်ခြင်းကြောင့် မဟုတ်ဘဲ ဆာဗာ ကုမ္ပဏီသို့ ငွေ ပေးသွင်းရန် ကျန်ရှိနေခြင်း၊ တဖန် ငွေပေးသွင်းရန် ဆာဗာကုမ္ပဏီရုံး ပိတ်ရက်နှင့် တိုက်ဆိုင်နေခြင်း တို့ကြောင့် ဖြစ်ကြောင်း၊ ရက် အနည်းငယ်အတွင်း ပြန်လည်ဖွင့်နိုင်မည် ဖြစ်ကြောင်း အယ်ဒီတာ ဦးခိုင်မြတ်ကျော်က ဧရာဝတီသို့ ပြောသည်။ နိရဉ္စရာ သတင်းဌာနသည် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံသတင်းများကို တင်ပြနေသော အွန်လိုင်း သတင်းဌာနဖြစ်ပြီး ၂၀၀၁ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။