ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစေရန်အတွက် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့တွင် ၂၀၁၃ ဇန်နဝါရီ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၅ နာရီ အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ယက်က ပြောသည်။ သက်ဆိုင်ရာ ရဲစခန်း၏ ခွင့်ပြုမိန့်ကိုလည်းရရှိပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့က ရရှိထားပြီး ဖြစ်သည်။ အစိုးရ စစ်တပ်သည် ဒီဇင်ဘာ ၂၈၊ ၂၉၊ ၃၀ သုံးရက်ဆက်တိုက် ကေအိုင်အို ဌာနချုပ်အနီးတဝိုက်သို့ လေယဉ်ဖြင့် ထိုးစစ်ဆင်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။