မနက်ဖြန် အင်္ဂါနေ့တွင် ဂျပန် ဘဏ္ဏာရေးဝန်ကြီး မြန်မာပြည် လာမည်ဖြစ်ပြီး သမ္မတဦးသိန်းစိန်နှင့် ဘဏ္ဏာနှင့် အခွန်ဝန်ကြီး ဦးဝင်းရှိန်တို့နှင့် တွေ့ရန် ရှိပြီး သီလဝါရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံ ဆောက်လုပ်ရေး ဆွေးနွေးနိုင်သည်။ ၂၄၀၀ ဟက်တာကျယ်ဝန်းမည့် စီးပွားရေးဇုံကို ပထမအဆင့် ၄၅၀ ဟက်တာကို ၂၀၁၅ ခုနှစ်တွင် အပြီးတည်ဆောက်ရန် ရည်မှန်းထားပြီး ဂျပန်နှင့် ကမ္ဘာ့ကုမ္ပဏီများကို စတင် စွဲဆောင်လျက်ရှိသည်။ မကြာသေးခင်ကလည်း ကုန်သွယ်မှုဆိုင်ရာ ငွေကြေးလွှဲပြောင်းမှုနှင့် ငွေကြေးလဲလှယ်မှုတို့ အဆင်ပြေစေရန် ဂျပန်နိုင်ငံမှ Bank of Tokyo Mistsubishi UFJ (BTMU) က မြန်မာနိုင်ငံမှ သမဝါယမဘဏ်လီမီတက်(CB Bank) နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။