မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသည့် လူ ၅၀၀ ခန့် လှေတစီးဖြင့် ၁၅ ရက်ကြာ ဖြတ်သန်းလာပြီး မလေးရှားနိုင်ငံအတွင်း ဝင်ရောက်ရန် မီတာ ၅၀၀ ခန့် ရေကူးခိုးဝင်လာစဉ် တဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ထုတ်ဖော် ပြောဆိုသည်။ ၎င်းတို့သည် ကယ်တင်မည့် အကူအညီ ရဖို့ထက် အဖမ်းမခံရအောင် မလက်ကာ ရေလက်ကြားရှိ လန်ကာဝီကျွန်း အနောက် မြောက်ဘက်တွင် ပုန်းအောင်းနေကြ ကြောင်း ပြောသည်။ မြန်မာနိုင်ငံ ရခိုင်ဒေသအတွင်း မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများကြောင့် မလေးရှားသို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာများ ဖြစ်မည်ဟု ယူဆသည်။ လန်ကာဝီကျွန်း ရဲအရာရှိ အကြီးအကဲ Harrith Kam Abdullah က ခေါင်းဆောင်ကိုလည်း တနင်္လာနေ့တွင် ဖမ်းဆီးမိခဲ့ကြောင်း ပြောသည်။ The Star သတင်းစာ၌ ဖမ်းဆီးစဉ် ရေထဲ ခုန်ချ ထွက်ပြေးရန် ကြိုးစားသူ တယောက်သည် လှေ၏ ပန်ကာဖြင့် တိုက်မိပြီး သေဆုံးသွားကြောင်း၊ ၎င်းအား လန်ကာဝီ မွတ်စလင် သချႋုင်းတွင် တနင်္လာနေ့က သဂြိုဟ် ခဲ့ကြောင်း ဖော်ပြထားသည်။ ကျန်သူများအား လူဝင်မှုကြီးကြပ်ရေးဌာနသို့ လွှဲပြောင်းပေးပြီး၊ ဥပဒေအရ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့် လအတွင်း မြန်မာနိုင်ငံသားပါသည့် သဘောၤနစ်မြုပ်မှုများကို ကယ်တင်ပေးခဲ့ကြောင်း၊ ၎င်းတို့သည် မြန်မာပြည်က ထွက်ပြေးလာသည့် ရိုဟင်ဂျာများ ဖြစ်နိုင်ကြောင်း၊ စင်ကာပူနိုင်ငံက လည်း ၎င်းလှေစီး ထွက်ပြေးလာသူများအား လုံး၀ အဝင်မခံကြောင်း ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။