မြန်မာနိုင်ငံထုတ် ရမ်နှင့် ဂျင်အရက် ပုလင်း ၃၀၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက် နတ်မြစ်ထဲတွင် ဗိုလ်ရိုဖက်ကူအစ္စလမ် ဦးဆောင်သည့် နယ်ခြားစောင့်တပ်က ယမန်နေ့က ပိုင်ရှင်မဲ့ ဖမ်းမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုဗိုလ်မှူးကြီး ဇာမက် ဟာဆန် ဇာမာန်က သတင်းထောက်များကို အတည်ပြုပြောကြားလိုက်သည်။ ယခုလ ဖမ်းဆီးရမိသော အရက်များတပုလင်းလျှင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲတွင် ကျပ် ၁၀၀၀ မှ ၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ၌ ကျပ် ၅၀၀၀ နှင့် ညီမျှသည့် တာကာ ၅၀၀ ခန့် ပေါက်ဈေးရှိသည်။ ကမ္ဘာ့အရှည်ဆုံး အပမ်းဖြေစခန်းရှိရာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇာ ကမ်းခြေ အပမ်းဖြေစခန်းတွင် ဆောင်းရာသီ၌ လာရောက် အပမ်းဖြေသူများပြားသည့်အတွက် အရက်များ ရောင်းကောင်းကြောင်း ကော့စ်ဘာဇာ ပင်လယ်ကမ်းခြေမှ မှောင်ခို အရက်ရောင်းသူ တဦးကပြောသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အရက်ရောင်းခွင့်ကို ဥပဒေဖြင့် တင်းကျပ်ထားပြီး ဘင်္ဂလာဒေ့ရှ် အစိုးရက ခွင့်ပြုထားသည့် အရက်များကို လိုင်စင်ဖြင့် ရောင်းချခွင့်ရှိသော်လည်း လိုင်စင်ဈေးကြီးမြင့် သောကြောင့် မှောင်ခိုအရက်များ တင်သွင်းရောင်းချလေ့ ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။