ကရင်အမျိုးသား အစည်းအရုံး (KNU) ထိပ်တန်းခေါင်းဆောင်များသည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကြောင့် ယနေ့ နံနက်ပိုင်းတွင် မြဝတီမှ နေပြည်တော်သို့ စတင်ထွက်ခွာသွားကြသည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် KNU ဥက္ကဋ္ဌသစ် စောမူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း၊ တွဲဘက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်နှင့် ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းတို့ ပါဝင်မည်ဟု သိရသည်။ KNU ခေါင်းဆောင်များက သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် တိုင်းရင်းသား ဒေသများ၌ ဖြစ်ပေါ်နေသည့် စစ်ပွဲများ ရပ်စဲရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော ငြိမ်းချမ်းရေး ဆွေးနွေးမှု ရောက်ရှိနိုင်ရန် ဆွေးနွေးမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။