၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဦးမင်းကိုနိုင်သည် လာမည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်တွင် ဦးမင်းကိုနိုင်နှင့် အတူ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးပြုံးချို၊ ဦးမြအေး၊ ဦးအံ့ဘွယ်ကျော် စသည့် ၈၈ မျိုးဆက်ကျောင်းသား စုစုပေါင်း ၁၆ ဦး ပါဝင်မည်ဖြစ်သည်။ ယခုအခါ ဗီဇာရရှိရေးနှင့် ခရီးစဉ် အသေးစိတ်များကို စီစဉ်နေဆဲဖြစ်ပြီး အဆိုပါ အစီအစဉ်များ အဆင်ပြေမည်ဆိုပါက ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၅ ရက်တာ ဖိလစ်ပိုင်ခရီးစဉ်ကို သွားကြမည်ဖြစ်သည်။ ယခု ခရီးစဉ်အား Center for Peace and Conflict Study က စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။