မန္တလေး-မြစ်ကြီးနား ရထားလမ်းရှိ ဟိုပင်ဘူတာနှင့် နန့်ခွင်ဘူတာအကြားတွင် ဇန်နဝါရီ ၁ ရက်နေ့ည ၁၁ နာရီ ၁၀ မိနစ်က အဆန် ပါဆယ်ရထား မိုင်းခွဲခံရကြောင်း အစိုးရသတင်းစာများက ဖော်ပြသည်။ မိုင်းပေါက်ကွဲမှုကြောင့် အတွဲတတွဲ လမ်းချော်ခဲ့ပြီး သံလမ်း ပျက်စီးခဲ့ကြောင်း၊ လမ်းပိုင်း ပြန်လည် ပြေးဆွဲနိုင်ရန် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။