ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာအစိုးရအနေနဲ့ လက်နက်ကိုင် ကချင်များအပေါ် လေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် အကောင်းဆုံး နည်းလမ်းရှာ ဖြေရှင်းရန် ယမန်နေ့က တိုက်တွန်းလိုက်သည်။ အမေရိကန်အစိုးရကလည်း အလွန်အမင်း စိတ်ပျက်သည်ဟု ထုတ်ဖော်ပြောဆိုသည်။ သမ္မတအကြံပေး ဦးလှမောင်ရွှေက တပ်မတော် အနေနဲ့ ၎င်းတို့၏ စခန်းတခု ပြန်လည် ရရှိရန် တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း AFP သို့ ပြောဆိုသည်။ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားပြီး ၂၀၁၁ ဇွန်လမှ စကာ ကချင်ပြည်နယ် အတွင်း အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား တိုက်ခိုက်မှုများကြောင့် လူပေါင်း ၇၅၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးနေကြရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။