• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

သာပေါင်း စက္ကူစက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး

by သန့်စင်ငြိမ်းချမ်း
5 January 2013
in Environment
A A
သာပေါင်း စက္ကူစက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး

၂၀၀၇ ခုနှစ်တွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး သာပေါင်း စက္ကူနှင့် ပျော့ဖတ် စက်ရုံတွင် ကြည့်ရှု စစ်ဆေးနေစဉ် (ဓာတ်ပုံ - အမှတ် ၁ စက်မှုဝန်ကြီးဌာန)

9.8k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် လှေကြီးတက် ကျေးရွာအုပ်စုတွင် တည်ဆောက်ထားသည့် စက္ကူနှင့် ပျော့ဖတ် စက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်း ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

၂၀၀၇ ခုနှစ်တွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး သာပေါင်း စက္ကူနှင့် ပျော့ဖတ် စက်ရုံတွင် ကြည့်ရှု စစ်ဆေးနေစဉ် (ဓာတ်ပုံ – အမှတ် ၁ စက်မှုဝန်ကြီးဌာန)

သာပေါင်း စက္ကူနှင့် ပျော့ဖတ် စက်ရုံကြောင့် သစ်တောဝါးတောများ ပြုန်းတီးခြင်း၊ စက်ရုံမှ စွန့်ပစ်ရေများကြောင့် မြစ်ချောင်းများအတွင်း  ငါးများအဆိပ်သင့်ခြင်း၊ အနီး ဝန်းကျင်ဒေသရှိ ရေတွင်းများ အက်ဆစ် ဓာတ်သင့်ခြင်း စသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

RelatedPosts

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
0
မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

21 May 2025
911
ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

21 May 2025
16

“စက်ရုံ စတည်တုန်းက ရေသန့်တဲ့စနစ်က ကန် ၃ ကန်။ အဲဒီအထဲမှာ ရေတွေထည့်။ ရေသန့်မသန့်ကို ဘဲတွေ၊ ငါးလေးတွေ မွေးမယ်။ ဒါတွေ မသေရင် ရေသန့်တယ်။ ဒါပေမယ့် စက်ရုံကြီး လည်တဲ့အခါ ကန် ၅ ကန်မကဘူး၊ ရေတွေက လျှံထွက်လာတော့ နိုင်အောင် မသန့်နိုင်တော့ဘဲ မြစ်ထဲချောင်းထဲကို စွန့်ထုတ်ပစ်တော့တာ” ဟု သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ဧရာဝတီသို့ ပြောသည်။

သာပေါင်း စက္ကူနှင့် ပျော့ဖတ် စက်ရုံကို မြန်မာနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း၍ ၂၀၀၀ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စက်ရုံဆောက်ရန် လှေကြီးတက် ကျေးရွာအုပ်စုရှိ မြေဧက ၂၀၀၀ ခန့် အသိမ်းခံခဲ့ရသည်။

တနေ့လျှင် တန် ၂၀၀ ကျ နှင့် တန် ၅၀ ကျ စက်ကြီး ၂ လုံးဖြင့် ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ၈ နှစ်နီးပါးလည်ပတ်ခဲ့ပြီး ဓာတ်ငွေ့ မလုံလောက်သည့်အတွက် ၂၀၁၁ နှစ်ကုန်ပိုင်းမှ ယနေ့အထိ စက်ရုံမလည်ဘဲ ရပ်နားထားကြောင်း သိရသည်။

စက်ရုံ၏ စွန့်ပစ်ရေများကြောင့် ငဝန်မြစ်အတွင်း ငါးများ ရှားပါးသွားကြောင်းနှင့် ကုန်ကြမ်းအတွက် ဝါးများခုတ်ပြီး စနစ်တကျ ပြန်လည် မစိုက်ပျိုးသည့်အတွက် ဝါးတောများလည်း ပြုန်းတီးကုန်ကြောင်း သာပေါင်းအခြေစိုက် Beautiful Land (လှပသောမြေ) သဘာဝပတ်ဝန်းကျင် အဖွဲ့မှ ဦးမြင့်အောင်က ပြောသည်။

“ငဝန်မြစ်မှာ ဟိုတုန်းကလို ငါးတွေ မတက်တော့ဘဲ ငါးရှားကုန်ပြီ။ ဒါဟာ စက်ရုံက အန္တရာယ်ရှိတဲ့ ရေဆိုးတွေကို အချိန်တော်တော်ကြာအောင် စွန့်ပစ်ခဲ့တဲ့ အကျိုးဆက်တွေပါပဲ။  ဝါးတွေကို ကြိုက်သလိုခုတ်ပြီး အောင်မြင်အောင် ပြန်မစိုက်နိုင်တော့ ဝါးတောတွေ အကုန် ပြုန်းတီးကုန်တယ်။ တောထဲမှာ ဓာတ်ခဲလုံးလောက်ဝါးတောင် ရှားနေပြီ” ဟု သူက ပြောသည်။

ထို့ပြင် စက်ရုံအနီးရှိ လှေကြီးတက် ကျေးရွာအုပ်စု နံနံပင်ကုန်း ကျေးရွာရှိ ရေတွင်းများအားလုံး အက်ဆစ်ဓာတ် သင့်ကုန်သဖြင့် ကျန်းမာရေးဌာနမှ မသောက်သုံးသင့်ဟု တားမြစ်ထားကြောင်း ဒေသခံတဦးဖြစ်သူ မနီလာက ပြောသည်။

“NGO အဖွဲ့တခု အကူအညီနဲ့ ရွာက ရေတွင်းတွေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးတော့ ရေထဲမှာ အက်ဆစ်ဓာတ်တွေ များနေတယ်။ မသောက်သင့်ဘူးဆိုပြီး မှတ်ချက်ထွက်လာတယ်။ ဒါပေမယ့် ကျမတို့မှာ တခြား သောက်စရာမရှိတော့ နောင်ကို ဘာဖြစ်မယ်မှန်းမသိတဲ့ ဒီအဆိပ်ရေတွေပဲ တနေ့နည်းနည်း သောက်သုံးနေရတယ်” ဟု သူက ပြောသည်။

ဒိုဇန်းကုန်းကျေးရွာမှ ရွာသားတဦးကလည်း “စက်ရုံလည်တုန်းကဆိုရင် ၃ လလောက် လည်ပြီး တချက် အဆိပ်ရေ လွှတ်လိုက်တာနဲ့ နံနံပင်ကုန်းချောင်းရယ်၊ ပွဲညှက်ချောင်းရယ်၊ အဲဒီထဲကငါးတွေ အကုန်သေဆင်းသွားတယ်။ နွေဆိုရင် နံနံပင်ကုန်းချောင်းထဲမှာ ရေမမြင်ရဘူး။ စက်ရုံကစွန့်ပစ်တဲ့ ထုံးချေးတွေနဲ့ ပြည့်နေတာ” ဟု ပြောသည်။

သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းက သာပေါင်းစက်ရုံကြီးမှာ တရုတ်နိုင်ငံတွင် တည်ဆောက်ခွင့် မရသဖြင့် စွန့်ပစ်စုပုံထားသည့် စက်ရုံကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် စီမံကိန်းပြုလုပ်၍ လာဆောက်ခြင်းဖြစ်ကြောင်း၊ စက်ရုံဆောက်မည့် ကိစ္စအား ၎င်းတို့ ကန့်ကွက်ခဲ့သော်လည်း မရခဲ့ကြောင်း ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၃၀ ရက်နေ့က ပုသိမ်မြို့ရှိ တွေ့ဆုံပွဲတခုတွင် ပြောဆိုခဲ့သည်။

စီမံကိန်းတခု ပြုလုပ်ရန် EIA ခေါ် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုစစ်တမ်း၊ SIA ခေါ် လူမှုအဆင့်အတန်း ပျက်စီးဆုံးရှုံးမှုစစ်တမ်း၊ HIA ခေါ် ကျန်းမာရေး ပျက်စီးဆုံးရှုံးမှုစစ်တမ်းများ ကောက်ယူကာ သုတေသနပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။

သာပေါင်း စက္ကူနှင့် ပျော့ဖတ် စက်ရုံစီမံကိန်းတွင် မည်သည့်စစ်တမ်းမှ မကောက်ယူဘဲ တည်ဆောက်ခဲ့သည့် အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးရသည့်အပြင် ဒေသခံ ပြည်သူများ၏ ကျန်းမာရေးနှင့် လူနေမှုဘဝများပါ ပျက်စီးဆုံးရှုံးရကြောင်း Beautiful Land အဖွဲ့က ဆိုသည်။

“ကျနော်တို့ သဘောကတော့ အရေးကြီးတဲ့ ဒီစစ်တမ်း ၃ ခုကို စနစ်တကျ ပြန်ကောက်စေချင်ပါတယ်။ ကောက်ပြီးလို့ ဒီစက္ကူစက်ရုံ စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေကို မထိခိုက်အောင် လည်ပတ်နိုင်တယ်ဆိုရင် ဆက်လုပ်ပါ။ အဲဒီလိုမဟုတ်ဘဲ ဆက်ထိခိုက်နေမယ် ဆိုရင်တော့ ရပ်ဆိုင်းထားစေချင်ပါတယ်” ဟု ဦးမြင့်အောင်က ပြောသည်။

ပြည်သူလူထုအတွက် အကျိုးမရှိပါက စက်ရုံကို ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်တို့က ပြီးခဲ့သည့် နှစ်လယ်ပိုင်းက ပုသိမ်တွင်ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောဆိုထားသည်။

Your Thoughts …
Tags: Industrial Zone
သန့်စင်ငြိမ်းချမ်း

သန့်စင်ငြိမ်းချမ်း

ဧရာဝတီ

Similar Picks:

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ် စက်မှုဇုန်(ဓာတ်ပုံ-ဆလိုင်းသန့်စင်/ဧရာဝတီ)

ဧရာဝတီတိုင်း အကြီးဆုံး စက်မှုဇုန်စီမံကိန်း လယ်ဧက ၆၀၀၀ သုံးမည်

by ဆလိုင်းသန့်စင်
2 August 2013
2.2k

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်နှင့် ကန်ကြီးထောင့်မြို့နယ်တွင် တည်ဆောက်မည့် ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်းအတွက် လယ် ဧက ၆၀၀၀ ခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း စီမံကိန်းတည်ဆောက်မည့် ဧရာဝတီ ဖွံ့ဖြိုးတိုးတက်မှု

ဆိုလာ ယဉ်ကျေးမှုနှင့် ဗီဒီယိုကြိုက်သူများ

by ကြယ်ပြာ
17 January 2013
5.6k

အခုဆို ဘာဓာတ်တိုင် ဓာတ်ကြိုးမှ မလိုဘဲနဲ့ကို အဘွားတို့တောတွေမှာ ညဘက်တွေ မီးထွန်းနိုင်ပြီ။ တီဗီကြည့်နိုင်ပြီ

ကုလားတန် စီမံကိန်း ပလက်၀ ဆိပ်ကမ်း စတင်

by ငြိမ်းချမ်း
4 December 2012
1.3k

ကုလားတန်စီမံကိန်းကို အိန္ဒိယရူပီး ၁၁ ဒဿမ ၂၅ ဘီလီယံ(အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော်)အကုန်ကျခံ တည်ဆောက်နေခြင်း ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလက စတင် အကောင် အထည်ဖော် လုပ် ဆောင်လာခဲ့ခြင်း...

စက်မှုဇုန် အလုပ်သမားများ ပူးပေါင်း ဆန္ဒပြ

စက်မှုဇုန် အလုပ်သမားများ ပူးပေါင်း ဆန္ဒပြ

by ခင်သြ
3 September 2012
2.1k

“စက်ရုံမှာ ကိုယ့်လိုအပ်ချက်ကို တောင်းဆိုခဲ့ပြီးပြီ။ စက်ရုံပိုင်ရှင် အများစုက ဆန္ဒပြတုန်းက ချုပ်ဆိုထားတဲ့ စာချုပ်တွေကို မလိုက်နာဘူး။ ကျမတို့ ထပ်ခါ ထပ်ခါ ချိုးဖောက်ခံနေရတယ်”

Next Post
၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးတင်ဦး  မိန့်ခွန်း (ရုပ်/သံ)

၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးတင်ဦး မိန့်ခွန်း (ရုပ်/သံ)

ကျောက်ဖြူခရီး ဒိုင်ယာရီ

ကျောက်ဖြူခရီး ဒိုင်ယာရီ

Please login to join discussion
No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.3k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate