ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တို့တွင် ထိန်းသိမ်းထားသော အစိုးရတပ်နှင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃၀ ကို အစိုးရထံ ပြန်လည် လွှဲပြောင်းပေးလိုသည်ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှတဆင့် အကြောင်းကြားထားကြောင်းနှင့် လွှဲပြောင်းယူရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။