အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး Mr. A.K Antony သည် ကာကွယ်ရေး ပူးပေါင်းမြှင့်တင်ရန် ရည်ရွယ်လျက် မြန်မာနိုင်ငံသို့ ရောက်မည် ဟု Trust of India သတင်းစာတွင် ဖော်ပြထားသည်။ Mr. Antony သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၂၂ နှင့် ၂၃ ရက်များတွင် လာရောက်မည် ဖြစ်ပြီး မြန်မာ့တပ်မတော် အရာရှိများနှင့် ကာကွယ်ရေး ဆိုင်ရာများ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား ကီလိုမီတာ ၁၆၀၀ ကျော် ဆက်စပ်နေသည့် နယ်စပ်ရေးရာများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အိန္ဒိယက မြန်မာ့တပ်မတော်ကို စစ်ရေးနည်းပညာများနှင့် တခြားသင်ကြားပေးမှုများကို ပြုလုပ်ရန် ရည်မှန်းထားသည်ဟုလည်း သိရှိရသည်။ Mr. Antony သည် သြစတြေးလျသို့လည်း ဆက်လက်သွားရောက်မည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။