• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်သူ့စစ်စခန်းကို KIA ဝင်ပစ်၊ တဦးဒဏ်ရာရ

by နန်းသီရိလွင်
7 January 2013
in သတင်း
A A
ပြည်သူ့စစ်စခန်းကို KIA ဝင်ပစ်၊ တဦးဒဏ်ရာရ

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)

6.4k
VIEWS
Share on FacebookShare on Twitter

ကချင် ပြည်နယ် မိုးညှင်းမြို့နယ် နမ့်မွန်း ကျေးရွာ အုပ်စုရှိ ကျေးရွာ ကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့ စခန်းကို ယနေ့ နံနက်ပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဝင်ရောက် ပစ်ခတ်ခဲ့ရာ လူတဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဧရာဝတီ)

KIA ၏ ပစ်ခတ်မှုကြောင့် ကျေးရွာ ပြည်သူ့စစ် အဖွဲ့ဝင် ဦးသက်ခိုင်ဦး၊ အသက် ၄၂ နှစ်၏ ဘယ်ဘက် ခြေသလုံးနှင့် ညာဘက် ပေါင်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရကြောင်း ဒေသခံတဦးက ပြောသည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
0
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
7
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
504

“ပြည်သူ့စစ်က ၇ ယောက်ပဲ ရှိတာ။ မနက် စောစော ပစ်သံ ခတ်သံတွေ ကြားရတော့ ဆွမ်းပို့တဲ့သူ၊ ဈေးသွားရမယ့် သူတွေ တောင် လန့်ပြီး မသွားကြတော့ဘူး။ ပြည်သူ့ စစ်စခန်းက ရွာထဲတင်ဆိုတော့ ကြောက်ကြတာပေါ့” ဟု နမ့်မွန်း ကျေးရွာသား တဦးက ဆိုသည်။

ဝင်ရောက်ပစ်ခတ်သည့် KIA အင်အားမှာ ၃၀ ခန့်ရှိနိုင်ပြီး နမ့်မွန်း ကျေးရွာတွင် ရဲစခန်းနှင့် စစ်တပ် မရှိသည့် အတွက် အင်အား ၇ ဦးသာ ရှိသည့် ပြည်သူ့စစ်အဖွဲ့ကိုသာ အားကိုးနေရကြောင်း ၎င်းက ပြောသည်။

ပစ်ခတ်မှုမှာ မနက် ၄ နာရီကျော်ခန့်မှ ၅ နာရီခန့်ထိ ဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် မိုးညှင်းမြို့နယ် တပ်ရင်း ၁၅ မှ ကျေးရွာ လုံခြုံရေး အတွက် ရောက်ရှိလာကြောင်း သိရသည်။

“ကျနော်တို့ ဘာမှ လုပ်မပေးနိုင်ပါဘူး။ စုံစမ်း စစ်ဆေး တင်ပြတာပဲ လုပ်နိုင်တယ်။ ရဲစခန်းက တင်လာတဲ့ သတင်းလောက်ပဲ ကျနော်တို့ ရပါတယ်” ဟု မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

နမ့်မွန်းကျေးရွာ အုပ်စုသည် အိမ်ခြေ ၂၀၀၀ နီးပါး ရှိကာ ရှမ်း၊ ဗမာနှင့် ကချင်လူမျိုးများ ရောနှော နေထိုင်ကြကြောင်း၊ ၎င်းသည် မိုးညှင်းမြို့နှင့် ၁၈ မိုင် အကွာတွင် တည်ရှိကြောင်း၊ အနီးဆုံး အစိုးရ တပ်စခန်းသည် ၁၁ မိုင် အကွာရှိ လုံးတုံ တပ်စခန်း ဖြစ်ကြောင်း သိရသည်။

“တခါမှလည်း မကြုံဘူးတော့ အားလုံး လန့်သွားတာပေါ့။ ပစ်သံ ခတ်သံဆိုတာ ကျနော်တို့ ငယ်ငယ်တုန်းကပဲ ကြားဖူးခဲ့တာ။ မကြုံဘူးတာ ကြာတော့ လန့်နေကြတယ်။ ရွာက ကျောင်းတွေလည်း နေ့လည် ၂ နာရီလောက်မှာ အားလုံး ဆင်းပေး လိုက်တယ်။ ကျနော်တို့ ကတော့ ဒဏ်ရာရသွားတဲ့ ပြည်သူ့စစ်အတွက် ဆေးဖိုး ဘာညာ ထောက်ပံ့ဖို့ စီစဉ်နေပါတယ်” ဟု ပါရမီ နမ့်မွန်း လူမှု ကူညီရေး အသင်းမှ ကိုငယ်က ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ္စမတ်နေ့က နမ့်မွန်းကျေးရွာသား ၃ ဦးကို KIA က ခေါ်ဆောင်သွားပြီး ယခု အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း၊ ၎င်း ရွာသား ၃ ဦးကို ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ရပ်မိရပ်ဖများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့က KIA ကို တောင်းဆိုထားသော်လည်း တစုံတရာ ကြောင်းပြန်ခြင်း မရှိကြောင်းလည်း သိရသည်။

အစိုးရနှင့် KIA အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်တိုင်းရင်းသားများ သာမက ကချင်ပြည်နယ်တွင် နေထိုင်သည့် ရှမ်း တိုင်းရင်းသားများနှင့် တခြားတိုင်းရင်းသား ပြည်သူများပါ အတိဒုက္ခရောက်နေစေကြောင်း၊ KIA တပ်ဖွဲ့ ဝင်များသည် မီးရထားလမ်းများ၊ လမ်းတံတားများကို ဗုံးဖောက်ခွဲခြင်း၊ ဆက်ကြေးကောက်ခြင်း၊ စစ်သားအဖြစ် အဓမ္မ လူစုဆောင်းခြင်း အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေကြောင်း၊ ထို့ကြောင့် စစ်ပွဲများ ရပ်ရန်နှင့် ငြိမ်းချမ်းရေး အတွက် အမြန်ဆုံး ဆွေးနွေး အဖြေရှာ ပေးရန် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂၀၁၂ ခု၊ ဒီဇင်ဘာလ ၂၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် တနှစ်ကျော် အတွင်း အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် KIA တွေ့ဆုံမှု ၁၁ ကြိမ်ထိ ရှိခဲ့သော်လည်း သဘောတူညီချက် မရရှိဘဲ ၁၂ ကြိမ်မြောက် တွေ့ဆုံရန် ညှိနှိုင်းနေစဉ် ၂၀၁၂ ဒီဇင်ဘာနှင့် ၂၀၁၃ ဇန်နဝါရီလ အတွင်း မြန်မာ အစိုးရ တပ်မတော်က လေကြောင်းပစ်ကူ၍ KIA တို့၏ တောင်ကုန်း အမှတ် ၇၇၁ ကို သိမ်းပိုက်ခဲ့သည်။

Your Thoughts …
Tags: Kachin StateKIA
နန်းသီရိလွင်

နန်းသီရိလွင်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.2k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

Next Post
ဂွမြို့နယ် မြေယာများ စစ်တပ်က သိမ်းယူခဲ့မှုကို ကော်မရှင် စုံစမ်းစစ်ဆေး

ဂွမြို့နယ် မြေယာများ စစ်တပ်က သိမ်းယူခဲ့မှုကို ကော်မရှင် စုံစမ်းစစ်ဆေး

ရန်ကုန် ကရင်နှစ်သစ်ကူး စိန်ရတု ပွဲတော်သို့ KNU ကိုယ်စားလှယ်များ တက်မည်

ရန်ကုန် ကရင်နှစ်သစ်ကူး စိန်ရတု ပွဲတော်သို့ KNU ကိုယ်စားလှယ်များ တက်မည်

Please login to join discussion
No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.5k

Most Read

  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate