လာမည့် ဖေဖော်ဝါရီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပမည်ဟု ကြေညာထားသည်။ ယင်းမှာ နှစ် ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန်နှင့် ပါတီတွင်း ခေါင်းဆောင်မှု ပြန်လည်တည်ဆောက်ရန် ဖြစ်သည်ဟု သိရသည်။ ကိုယ်စားလှယ် ၁၅၀၀ ခန့် တက်ရောက်ရန် ရှိပြီး ကျင်းပမည့်နေရာကို ရှာဖွေနေကြောင်း သိရသည်။ ပါတီဝင်ဟောင်းနှင့် ပါတီဝင်သစ်၊ လူကြီးနှင့် လူငယ်များအကြား ပါတီတွင်း လွန်ဆွဲမှုများ ရှိနေသည်ဟု စောင့်ကြည့်ဝေဖန်သူများကဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။