သတင်းတို

ရှမ်းပြည်မြောက်ပိုင်းတွင် ပညာရေးကောလိပ်တခု ဖွင့်လှစ်မည်

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ပညာရေး ကောလိပ်တခု ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စီမံကိန်း) ဒေါ်ခင်မာထွေးက ဧရာဝတီသို့ ပြောသည်။ အဆိုပါ ပညာရေး ကောလိပ်ကို လာမည့် ၂၀၁၃ – ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ သိန္နီ၊ သီပေါ၊ နောင်ချို၊ ကွတ်ခိုင်၊ မူဆယ် စသည့် မြို့များမှ ဒေသခံကျောင်းသား ကျောင်းသူများ တက်ရောက် သင်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

Loading