လာဘ်ပေးလာဘ်ယူမှု အရေးယူရေး ကော်မတီဖွဲ့
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန် အစိုးရ ကြေညာထားသည့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေးအတွက် “လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ” ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ယင်းကော်မတီတွင် ဒု သမ္မတ ဒေါက်တာ စိုင်းမောင်ခမ်းက ဥက္ကဋ္ဌ ဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံး ဝန်ကြီးများ ဖြစ်သည့် ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်၊ သမ္မတ ဥပဒေ အကြံပေး ဦးသန်းကျော်နှင့် သမ္မတရုံး ညွှန်ချုပ် ဦးလှထွန်းတို့ ပါဝင်သည်။ နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(Transparency International) ၏ ၂၀၁၁ နှစ်တွင် ပြုလုပ်သည့် စစ်တမ်းအရ နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် မြန်မာနိုင်ငံသည် အောက်ဆုံးမှ စရေလျှင် မြောက်ကိုရီးယားနှင့် ဆိုမားလီယားတို့၏ အထက်တွင် ရပ်တည်နေကာ အာဖဂန်နစ္စတန် နိုင်ငံနှင့်အတူ အဂတိလိုက်စားမှု အဆိုးဆုံး နိုင်ငံများထဲတွင် တတိယ နေရာ၌ ရှိနေသည်။