မြန်မာ-အမေရိကန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ လမ်းမတောြ်မို့နယ် မင်းရဲကျော်စွာလမ်း UMFCCI အဆောက်အအုံ ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို UMFCCI အသင်းဝင်များနှင့် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ ကုန်သည်များအသင်းတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေး အဖွဲ့အစည်းများ၊ ကုမ္ပဏီလုပ်ငန်းများ တက်ရောက် ဆွေးနွေးမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံရေး ကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍ အပါဝင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆွေးနွေးချက်များ ပါဝင်မည် ဖြစ်ကြောင်းနှင့် ယင်း ဆွေးနွေးပွဲ တက်ရောက်လိုသူများ အနေဖြင့် UMFCCI နိုင်ငံတကာ ဆက်ဆံရေးဌာနသို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နောက်ဆုံးထား စာရင်းပေးရမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။