• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရှမ်းပြည်နယ် မြောက်ပိုင်း၌ ဓားပြများ သောင်းကျန်းနေ

by နန်းဆိုင်နွမ်
9 January 2013
in သတင်း
A A
ရှမ်းပြည်နယ် မြောက်ပိုင်း၌ ဓားပြများ သောင်းကျန်းနေ
3.2k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး အစိုးရ အာဏာပိုင်များ၏ လုံခြုံရေး တာဝန်ယူမှု အား နည်းသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်နေကြကြောင်း သိရသည်။

ဓားပြတိုက်မှုများသည် ယမန်နှစ်ကစတင်၍ သိသာစွာ ဖြစ်ပွားလာရာ ယခုနှစ်အတွင်း ပိုမိုများပြားလာကြောင်း၊ ဆိုင်ကယ်ကယ်ရီ သမားများ၊ တရုတ်ငွေ လှဲလှယ်သူများ၊ ကားသမားများနှင့် ရွှေဆိုင်များကို ပစ်မှတ်ထား လုယက်ပြီး လူသတ်မှု ကျူးလွန် သည် အထိ ရဲတင်းစွာ ပြုလုပ်လျက်ရှိကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် နေထိုင်သည့် ဦးစိုင်းမြတ် က ဧရာဝတီ သို့ ပြော သည်။

RelatedPosts

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

23 May 2025
334
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

23 May 2025
12
မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
3k

“ဒီရက်ပိုင်း မူဆယ်မှာ ဓားပြမှုက ၂ခုရှိတယ်။ တခုကတော့ ကားသမားကို လုယက်ပြီး ရိုက်တယ်။ နောက်တခုကတော့ တရုတ်ငွေ လဲတဲ့ အမျိုးသမီးကို လုယက်ပြီး သတ်သွားတယ်။ မူဆယ်မှာတော့ အမြဲတမ်းဖြစ်နေကြပေမယ့် ဘယ်တော့မှ ဓားပြတွေကို မဖမ်း မိဘူး”ဟု ဦးစိုင်းမြတ်က ပြောပြသည်။

အဆိုပါ တရုတ်ငွေ လဲလှယ်သည့် အမျိုးသမီး တရုတ်ပြည်မှ မူဆယ်သို့အိမ်အပြန် ညနေ ၅ နာရီခွဲခန့်တွင် လမ်းပေါ်၌ ရပ်စောင့် နေ သည့် လူ ၂ ဦး က ပါလာသော ငွေ ကျပ် သိန်း ၃၀၀ နီးပါး ကို လုယူပြီး သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ရဲတွေက လမ်းထောင့်တွေမှာတော့ လုံခြုံရေး ကင်း စောင့်ပေးပါတယ်။ ဒါပေမယ့် ဓားပြတွေဆီမှာ သေနတ်တွေပါတယ်။ ရဲ တွေက သေနတ်ရှိပြီး ပစ်မိန့်မရှိတဲ့အတွက် သူတို့ကို ဘာအားကိုးရမှာလဲ”ဟု ဦးစိုင်းမြတ်က ဆက်ပြောသည်။

ယခု ဓားပြမှုသည် လူများသည့် မူဆယ်ဈေးနေ့တွင်ဖြစ်ပွားပြီး အစိုးရချထားပေးသည့် လုံခြုံရေးအားနည်းသည့်အတွက် ဒေသခံများ စိုးရိမ် ထိတ်လန့်နေကြကြောင်း သိရသည်။

“အခုဆိုရင် အိမ်ကို စောပြန်ရတယ်။ ပြန်ရင်လည်း တယောက်တည်း မပြန်ရဲဘူး။ ဓားပြတိုက်မှုတွေက ဘယ်သူတွေဆိုတာ တခါမှ မဖမ်းမိတော့ ကြောက်တယ်။ ဆေးသမားလား ၊ လောင်းကစားသမားလား မသိဘူး”ဟု မူဆယ်ဒေသခံ တရုတ်ငွေ လဲလှယ်သည့် အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင် ဒေသခံများကိုယ်တိုင် လုံခြုံရေး ကင်းစောင့်နေရသည်ဟုလည်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင်လည်း ဆိုင်ကယ် ကယ်ရီသမားများနှင့် ကားသမားများကို လုယက်ဓားပြတိုက်မှုများ မကြာ ခဏ ဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။

“ဒီတပတ်ဆိုရင် နေရာတိုင်းလိုလို ရဲတွေက စစ်ဆေးနေတာတွေ့ရတယ်။ တကယ်တော့ လုပ်သွားတဲ့သူတွေက တရုတ်ပြည် ဘက် တောင် ရောက်နေ လား မသိဘူး။ အခုမှ စစ်ဆေးနေတော့ရော ဘာထူးမှာလဲ”ဟု မူဆယ်၌ နေသည့် တရုတ် ဘာသာပြန် အမျိုးသမီး တဦးက ပြောဆိုသည်။

ဓားပြတိုက် လုယက်မှုများနှင့်ပတ်သက်၍ မူဆယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာမှတာဝန်ယူ စစ်ဆေးနေကြောင်း၊ လုံခြုံရေးကိုလည်း တင်းကျပ်စွာ တာဝန်ယူထားကြောင်း၊ အဖြေမှန် ပေါ်ပေါက်ရေးအတွက်လည်း တတ်နိုင်သမျှ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြန်လည် ဖြေကြားသည်။

ယမန်နှစ် ဇန်နဝါရီလ ကလည်း မူဆယ်မြို့ရှိ စံပယ် ရွှေဆိုင်ပိုင်ရှင် သားအမိ နှစ်ဦး ဓားပြတိုက် ခံရပြီး တဦးသေဆုံး၍ ကာလ တန်ဖိုးငွေ ကျပ် သိန်း ၂၀၀၀ ခန့် ဆုံးရှုံးမှု ဖြစ်ပွားခဲ့သေးသည်။

Your Thoughts …
Tags: Shan State
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

by ကိုဖိုးသား (တောင်ကြီး)
2 February 2013
10.2k

အဲဒီ ကုမ္ပဏီတွေက နိုင်ငံတော် စီမံချက်လိုလို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ လိုလို ပြောတော့ ပေးသလောက်နဲ့ ကျေနပ်နေရတာပေါ့” ဟု ဖျက်ဆီးခံရသော ခြံယာမြေပိုင်ရှင် တဦးက ပြောသည်။

ဟော်နန်းအိုသို့ အလည်တခေါက်

ဟော်နန်းအိုသို့ အလည်တခေါက်

by ရန်ပိုင်
22 September 2012
16.1k

ဆင်ငိုမြက်များ ဖုံးနေသော ခြံအ၀င် လမ်းလေးနှင့် အဖြူရောင် ဆေးသား ပြယ်လွင့်နေသည့် သော့ခတ် ထားသော သံတံခါး ကြီးကို ကြည့်ခြင်းဖြင့် ဤခြံသည် လူအ၀င် အထွက် နည်းပါးမှန်း သိသာလှ၏။

လက်ဖက်မြို့တော်သို့ အလည်တခေါက်

လက်ဖက်မြို့တော်သို့ အလည်တခေါက်

by ရန်ပိုင်
15 August 2013
5.9k

ရှမ်းပြည်သည် မြန်မာဘုရင်များ လက်ထက်မှ ကိုလိုနီခေတ်တိုင် စော်ဘွားတို့၏ အုပ်ချုပ်ခံဒေသ ဖြစ်၏။ ထို့နောက် တရုတ်ဖြူ ကျူးကျော်စစ်ကို အကြောင်းပြု၍ စစ်တပ်များ ရောက်ရှိ လာခဲ့ရာမှ ပြန်မသွားတော့။ နောက်ပိုင်း၌ စော်ဘွားများ ကိုယ်တိုင် အာဏာစွန့်လိုက်ရသည့် အဖြစ်သို့...

ပန်းဆေး ကျော်မြင့်၏ တူ ထွက်ပြေး လွတ်မြောက်ရာမှ ပြန်ဖမ်းမိ

ပန်းဆေး ကျော်မြင့်၏ တူ ထွက်ပြေး လွတ်မြောက်ရာမှ ပြန်ဖမ်းမိ

by နန်းဆိုင်နွမ်
16 July 2013
8.3k

လူသတ် တရားခံများတွင် ခေါင်းဆောင် ဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပန်းဆေး ပြည်သူ့စစ် ခေါင်းဆောင်) ပန်းဆေး ကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ တဦးကို ဖမ်းဆီးမိထားပြီ

လွှတ်တော်အမတ် ၂ ဦးနဲ့ ရှမ်းမြောက်တောင်တန်း မူးယစ်နယ်မြေ

လွှတ်တော်အမတ် ၂ ဦးနဲ့ ရှမ်းမြောက်တောင်တန်း မူးယစ်နယ်မြေ

by ကျော်ခ
28 January 2016
127.8k

ဦးတီခွန်မြတ်နဲ့ ပန်းဆေး ဦးကျော်မြင့်တို့ ထိန်းချုပ်နယ်မြေ မဟုတ်ရင် ဘိန်း မစိုက်ရဲဘူးလို့တောင် ပြောဆိုသူတွေ ကိုလည်း တွေ့ခဲ့ရပါတယ်

လားရှိုးက လောင်းကစား ဂိမ်းများနှင့် အရှုံး သံသရာ

လားရှိုးက လောင်းကစား ဂိမ်းများနှင့် အရှုံး သံသရာ

by နန်းဆိုင်နွမ်
5 April 2013
7k

ဒီငမန်းက အရမ်းစွဲတယ်။ ဘိန်း တမျိုးလို့တောင် ပြောလို့ ရတယ်။ ထိုင် ဆော့ပြီးရင် ပြန် မထချင်အောင် ပါပဲ။ ဒီဂိမ်းကြောင့် ဘ၀ပျက်တဲ့ သူတွေတောင် ရှိပါတယ်

Next Post
အဖွဲ့ဝင် ၉ ဦးပါ လာဘ်စားမှု အရေးယူရေး ကော်မတီဖွဲ့

အဖွဲ့ဝင် ၉ ဦးပါ လာဘ်စားမှု အရေးယူရေး ကော်မတီဖွဲ့

Spitfire တူးဖော်ရေး မင်္ဂလာဒုံလေဆိပ်တွင် ယနေ့စတင်

Spitfire တူးဖော်ရေး မင်္ဂလာဒုံလေဆိပ်တွင် ယနေ့စတင်

Please login to join discussion
No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate