၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် ယခုလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ငြိမ်းချမ်းရေးအတွက် သွားရောက် လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မနီလာ ခရီးစဉ်သည် ကိုမင်းကိုနိုင်၏ ပထမဆုံး နိုင်ငံခြား ခရီးစဉ်ဖြစ်ကာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ၁၈ ဦးသွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် သွားရောက် လေ့လာမည်ဖြစ်ကာ ရရှိသော အတွေ့အကြုံ အချက်အလက်များကို မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်း စဉ်များတွင် ပြန်လည်အသုံးချမည်ဖြစ်ကြောင်း အဖွဲ့ဝင်တဦးဖြစ်သူ ကိုပြုံးချိုက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။