• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်

by ဧရာဝတီ
10 January 2013
in သတင်း
A A
ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်

ယနေ့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပသည့် ကချင်ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ပွဲ၌ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်က ငြိမ်းချမ်းရေး သီချင်းများဖြင့် ဖျော်ဖြေစဉ် (ဓာတ်ပုံ - နန်းဆိုင်နွမ်/ ဧရာဝတီ)

2.6k
VIEWS
Share on FacebookShare on Twitter

ကချင်ဒေသ စစ်ပွဲများ ရပ်ဆိုင်းပေးရန် ဒေသခံပြည်သူများနှင့် ငြိမ်းချမ်းရေး လိုလားသည့် ပြည်သူများက ယနေ့နေ့လယ် ၁၁ နာရီမှ စတင်ကာ ရန်ကုန် ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမတွင် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ ပွဲတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရ တပ်မတော်တို့ တိုက်ခိုက်နေသည့် စစ်ပွဲကြောင့်
နှစ်ဘက် တပ်များအနေဖြင့် ကျည်လွတ်မြေ စစ်မဲ့ဇုန်တခု သတ်မှတ်ပေးရန်၊ ထိုစစ်မဲ့ဇုန်တွင် စစ်မက်ရေးရာ ကိစ္စရပ်များ လုံး၀ မပြုလုပ်ရန်၊ နှစ်ဘက်လက်နက်ကိုင် တပ်များမှ လေးစားယုံကြည် အသိအမှတ်ပြု သဘောတူထားသော စေ့စပ်ညှိနှိုင်း ပေးနိုင်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက အမြန်ဆုံး ရွေးချယ်ကြေညာပေးရန် ငြိမ်းချမ်းရေး လိုလားသူများက တောင်းဆို ထားကြောင်း သိရသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
197
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.5k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
48

“ဖားကန့်မှာဆိုရင် စစ်ပွဲဖြစ်လို့ ထွက်ပြေးနေရတယ်။ မနက်မိုးလင်းလာတာနဲ့ အထုပ်တွေ ကိုင်ပြီး ဟိုပြေးဒီပြေး ပြေးနေ ရတယ်၊ အခုအထိပါပဲ။ ကျနော်တို့ အနေနဲ့ ငြိမ်းချမ်းရေး မြန်မြန်ရဖို့ပဲ ဆုတောင်းနေရပါတယ်” ဟု ယင်းပွဲကို
တက်ရောက်လာသည့် ကချင်ပြည်နယ် ဖားကန့်ဒေသမှ ကိုခင်မောင်ဝင်းက ပြောသည်။

စစ်ပွဲရပ်ဆိုင်းရန် အခမ်းအနား အမျိုးမျိုး လုပ်ဆောင်နေသကဲ့သို့ အကျိုးသက်ရောက်မှု တခုခု ရှိရန် လိုအပ်ကြောင်း၊ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်ကို ဝင်ရောက် မပြောဆိုလျှင် ပိုမို ဆိုးရွားနိုင်ကြောင်း၊ စစ်ဘေးသင့် ပြည်သူများ၏
ဘဝသည် အလွန်ပင် သနားစရာကောင်းကြောင်း၊ စစ်တိုက်မှုကြောင့် ထွက်ပေါ်လာသည့် ၁၀၅ မမ ကျည်တတောင့် တန်ဖိုးသည် ကျပ်သိန်း ၃၀ ကျော်ရှိသဖြင့် ထိုကျည်းဖိုးများကို ပညာရေး၊ ကျန်းမာရေးအတွက် အသုံးပြုမည်ဆိုက အလွန်ပင် ကောင်းမွန်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်က ပြောသည်။

“ကျည်ဆံဆိုတာ ငြိမ်းချမ်းရေး သံတမန်မဟုတ်ဘူး။ အခုဆိုရင် ကလေးငယ်တွေ ဒုက္ခသည်စခန်းတွေမှာ စစ်တိုက် ကစားနည်းတွေနဲ့ ဆော့ကစားနေတာ သူတို့ အနာဂတ်အတွက် စိတ်ပူပန်ရတယ်။ ထိပ်သီးခေါင်းဆောင်တွေ အချင်းချင်း ယူတဲ့ ငြိမ်းချမ်းရေးက မသေချာဘူး။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေ၊ ဒေသခံတွေ လိုချင်တဲ့ ငြိမ်းချမ်းရေးပုံစံကို ဖော်ထုတ် တောင်းဆိုသွားမယ်” ဟု ကိုမင်းကိုနိုင်က ဆက်ပြောသည်။

လက်ရှိ စစ်ဘေးသင့် ဒေသမှ လာရောက်သည့် ကချင်တိုင်းရင်းသားများသည် ငြိမ်းချမ်းရေးကို အမှန်ရအောင် ကူညီ ဆောင်ရွက်ပေးရန်၊ စစ်ဘေးကြောင့်နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ (IDP) များလည်း ငြိမ်းချမ်းရေးကို အမြန် ရလို နေကြောင်း၊ လက်ရှိအချိန်တွင် IDP စခန်းများအတွင်း ဒုက္ခသည် ပိုမိုများလာကြောင်း၊ ကိုယ့်အိမ်တွင် ယခင်လို ပြန်နေနိုင်ဖို့
မျှော်လင့်ထားကြကြောင်း ကချင်ဒေသခံများက ပြောကြားသွားကြသည်။

“အခု စစ်ပွဲကြောင့် နှစ်ဘက် စစ်သားတွေ ၂ သောင်းလောက် ကျဆုံးသွားပြီ။ ပြီးတော့ စီးပွားရေး ကောင်းတဲ့ နေရာဖြစ်တဲ့
ကချင်ဟာ အခုဆိုရင် ဘာအလုပ်မှ မရှိသလို၊ စိတ်ဆင်းရဲမှုတွေ ကြောက်လန့်မှုတွေနဲ့ပဲ နေနေရပါတယ်” ဟု ဖားကန့်ဒေသမှ ဦးချိုက ဆိုသည်။

ကချင်ပြည်နယ် အတွင်းရှိ ပြည်သူများသည် စစ်ကိုမလိုလားကြောင်း၊ စစ်ငြိမ်းရန် လိုအပ်နေကြောင်း၊ ယခင်ကကဲ့သို့ မိမိနေရပ် ဒေသကို ပြန်ကာ လယ်ယာ ပြန်လုပ်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် သဘောထား ကြီးစွာ ဆောင်ရွက်ပေးမည်ဆိုပါက အလွန်ပင် ဝမ်းမြောက်မည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အမြန် ဆောင်ရွက်ပေးလိုကြောင်း ဖားကန့်မှ ဦးဘရန်ရှောင်ကလည်း ပြောသည်။

“ကျနော်တို့ အခု ငြိမ်းချမ်းရေး လိုလားသူတွေက လက်မှတ်ထိုးပြီး ဖေဖော်ဝါရီမှာ နောက်ဆုံးထားပြီး ကောက်မယ်။ ပြီးတော့ သက်ဆိုင်တဲ့ KIA နဲ့ သမ္မတဆီကို တင်သွားမယ်။ သူတို့ရော ငြိမ်းချမ်းရေးကို ဘယ်လောက်အထိ လိုလားလဲဆိုတာ သိရမယ်” ဟု အဖြူရောင်တွဲလက်များ အဖွဲ့မှ ကိုဘိုဘိုက ယင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သည် ဇန်နဝါရီလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ၎င်းတို့ အနေဖြင့် စစ်ရေး အရှိန်လျှော့ပေးရန်နှင့် ခိုင်မာသော ကတိကဝတ် အာမခံချက်များ ရှိပါက နိုင်ငံရေး ဆွေးနွေးပွဲများ တက်ရောက်မည် ဖြစ်ကြောင်း ယနေ့ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းတွင် ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောကြားသည်။

တရုတ်နိုင်ငံတွင် နေထိုင်နေသည့် ကချင်တိုင်းရင်းသားများ သည်လည်း စစ်ပွဲနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁၀ ရက်နေ့က တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ နားပမ်းမြို့၌ စုဝေး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ကူမင်း၊ မန်ရှီ၊ ရွှေလီ၊ ရင်ကျန်း မြို့နှင့် တရုတ်နိုင်ငံအတွင်းရှိ တခြားသော ရပ်ရွာများတွင် ပြန့်ကျဲ နေထိုင်နေကြသူ ကချင်တိုင်းရင်းသားများ သည်လည်း မြန်မာ အစိုးရက လေကြောင်းမှ မရပ်မနား ထိုးစစ်ဆင်နေမှုကို ကန့်ကွက်ကြောင်း၊ ကချင်အားလုံး တစိတ်တဝမ်းတည်း ဖြစ်သည်ကို ပြသရန်အတွက် လူအင်အား ၁၅၀၀ ကျော်က ကားစီးရေ ၁၀၀
ကျော်ဖြင့် လိုင်ဇာ တဖက်ကမ်း နားပမ်းမြို့သို့ လာရောက် စုဝေးခဲ့ကြသည်ဟု ဒေသခံတဦးက ဆိုသည်။

“မနေ့ကမှ တိုင်ပင်ပြီးလုပ်တာပါ။ အစက လူ ၆၀၀ လောက်ပဲ စာရင်းပေးတာ၊ အခုတော့ ထပ်တိုးထပ်တိုးနဲ့ ၁၅၀၀ လောက်အထိ ရှိသွားတယ်။ အခုလဲ လာနေကြတုန်းပဲ” ဟု ယင်း ဆန္ဒထုတ်ဖော်ပွဲတွင် ကူညီပေးနေသည့် လိုင်ဇာမြို့သူ မရစ်ဒီးလာက ပြောသည်။

တရုတ်အာဏာပိုင်များသို့ အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် စုဝေးခြင်းကြောင့် လိုင်ဇာ တဘက်ကမ်းမှ အာဏာပိုင် များက နိုင်ငံဖြတ်ကျော်ခွင့် မပေးခဲ့ကြောင်း သိရသည်။

“ဘာမှအားမငယ်ဖို့၊ အားလုံးက တစိတ်တဝမ်းတည်း ရှိတယ်ဆိုတာ ပြဖို့ လာကြတာပါ” ဟု မရစ်ဒီးလာက ထပ်မံဆိုသည်။

ယနေ့ တော်ဝင်နှင်းဆီခမ်းမတွင် ကျင်းပပြုလုပ်သည့် ဆန္ဒခံယူပွဲသို့ ကချင်ဒေသခံများ၊ အဖြူရောင်တွဲလက်များ အဖွဲ့၊ ကချင် ငြိမ်းချမ်းရေးကွန်ရက်၊ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် သံဃာတော်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ မအူပင် ပျိုးခင်းသစ် လူငယ်အဖွဲ့နှင့် ငြိမ်းချမ်းရေး လိုလားသူ ပြည်သူများ တက်ရောက်ခဲ့ပြီး လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်မှ ငြိမ်းချမ်းရေး သီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။

ဧရာဝတီသတင်းထောက် နန်းဆိုင်နွမ်၊ နန်းသီရိလွင်နှင့် လဖိုင်တို့ ပူးပေါင်းရေးသားသည်။

Your Thoughts …
Tags: KIA
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.1k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

Next Post
စက်ရုံ စွန့်ပစ် ရေဆိုးများ စီးဆင်းမှု မှော်ဘီ ဒေသခံများ စိုးရိမ်

စက်ရုံ စွန့်ပစ် ရေဆိုးများ စီးဆင်းမှု မှော်ဘီ ဒေသခံများ စိုးရိမ်

နဘား-မြစ်ကြီးနား ရထား မိုင်းခွဲခံရ၊ ရဲတဦး သေ

Please login to join discussion
No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate