သတင်းတို

နဘား-မြစ်ကြီးနား ရထား မိုင်းခွဲခံရ၊ ရဲတဦး သေ

This article has been converted from Zawgyi One to Unicode

နဘား-မြစ်ကြီးနား လူစီး ကုန်တင်ရထားသည် ဇန်နဝါရီလ ၉ ရက်နေ့ညက မန္တလေး-မြစ်ကြီးနား လမ်းပေါ်ရှိ ဟိုပင်နှင့် နန်းခွင်ဘူတာကြား၌ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထောင်ထားသည့်မိုင်း ပေါက်ကွဲကာ အစောင့်ရဲတပ်သားတဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း သိရသည်။ ထို့အပြင် ၂၀၁၂ ဒီဇင်ဘာ ၂၅ ရက်မှ ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့အတွင်း ကချင်ပြည်နယ် ပူတာအိုခရိုင်သို့ ပေးပို့မည့် စားနပ်ရိက္ခာ၊ ဆောက်လုပ်ရေးပစ္စည်း၊ ဒီဇယ်ဆီနှင့် ကုန်ပစ္စည်းတင် ကား ၅၄ စီးတွင် တင်ဆောင်လာသည့် ပစ္စည်းများကို KIA က လမ်းခရီးတွင် တားဆီးကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း အစိုးရသတင်းစာများက ဖော်ပြသည်။ ဖျက်ဆီးခံရသည့် ပစ္စည်းများတွင် အစိုးရ ဆောက်လုပ်ရေးလုပ်ငန်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့သို့ ပေးပို့မည့် ပစ္စည်းများလည်း ပါဝင်သည်။

Loading