သတင်းတို
ကျားဘမ်းပရုပ်ဆီ မြန်မာပြည် ပြန်လာမည်
This article has been converted from Zawgyi One to Unicode
၁၈၇၀ ခုနှစ်များတွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ပြီး ၁၉၂၆ ခုတွင် စင်ကာပူသို့ ရွှေ့ပြောင်း အခြေစိုက်ကာ ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ရောင်းချနေသော ကျားတံဆိပ် ပရုပ်ဆီ ကုမ္ပဏီသည် မြန်မာပြည်တွင် တိုက်ရိုက် ပြန်လည်ရောင်းချတော့မည်ဟု Financial Times သတင်းစာတွင် ရေးသားထားသည်။ နာမည်ကျော် ကျားတံဆိပ် လိမ်းဆေး ကုမ္ပဏီ၏ ပြည်တွင်း ကိုယ်စားလှယ်ကို ယခု ရှာဖွေရွေးချယ်နေကြောင်း သိရသည်။ မြန်မာဈေးကွက်တွင် လက်ရှိ ရောင်းချနေသော ကျားတံဆိပ် ပရုပ်ဆီ လိမ်းဆေးနှင့် ပလတ်စတာများမှာ ထိုင်းနိုင်ငံမှတဆင့် တင်သွင်းသော ကုန်ပစ္စည်းများဖြစ်သည်။