ငြိမ်းချမ်းရေး ဖော်ဆောင်မှု ထူးခြားထင်ရှားဖြစ်စဉ်ဟု ဦးသိန်းစိန် ပြော
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များသည် မြန်မာ့နိုင်ငံရေး ဖြစ် ပေါ် တိုးတက်မှုတွင် အထူးထင်ရှား အရေးပါသော ဖြစ်စဉ်များ ဖြစ်သည်ဟု ပြောဆိုလိုက်သည်။ လက်ရှိ အပစ်အခတ် ရပ်စဲ ထား သော အဖွဲ့များအပြင် ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(KIO/KIA) ကိုလည်း ချန်လှပ်မထားဘဲ အပစ်အခတ် ရပ်စဲရုံသာ မက နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်ရန် တံခါးဖွင့်ထားကြောင်း ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော နှစ်သစ် ကူး သဝဏ်လွှာတွင် ဦးသိန်းစိန်ကပြောဆိုခြင်း ဖြစ်သည်။ ထို့အပြင် ငြိမ်းချမ်းရေး ကြိုးပမ်းနေချိန်တွင် တပ်မတော်အနေဖြင့်လည်း အသက်သွေးချွေးပေးဆပ်ပြီး နိုင်ငံတော်လုံခြုံရေး အတွက်သာမက ငြိမ်းချမ်းရေး ဖြစ်စဉ်တခုလုံးအတွက်ပါ ကြိုးပမ်းလျက်ရှိကြောင်း ယမန်နေ့က ပြည်ထောင်စု လွှတ်တော် နာယက ဖတ်ကြားတင်ပြသည့် ယင်းသဝဏ်လွှာ၌ ပါရှိသည်။