သတင်းတို
ကချင်တွင် အစိုးရတပ် ရဟတ်ယာဉ် တစင်းပျက်ကျ
This article has been converted from Zawgyi One to Unicode
ကချင်ပြည်နယ် တိုက်ပွဲများ ဖြစ်ပွားရာ ဒေသတွင် ယမန်နေ့ ညနေက အစိုးရတပ်မှ ရဟတ်ယာဉ် တစင်း ပျက်ကျခဲ့ရာ ကချင်လက်နက်ကိုင်များက ၎င်းတို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသော်လည်း အစိုးရဘက်ကမူ အင်ဂျင် ချွတ်ယွင်းခြင်းကြောင့် ပျက်ကျခြင်း ဖြစ်ကြောင်း ပြောသည်။ Mi-35 ရဟတ်ယာဉ်သည် ကချင် လက်နက်ကိုင်များ ထိန်းချုပ်ရာဒေသသို့ အင်ဂျင် ချွတ်ယွင်းကာ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း အစိုးရ အဆင့်မြင့် အရာရှိတဦးကို ကိုးကား၍ AP သတင်းက ဖော်ပြသည်။