သတင်းတို

လက်ပံတောင်း စုံစမ်းရေး ကော်မရှင် ဆောင်ရွက်နေမှုများ သတင်းထုတ်ပြန်

This article has been converted from Zawgyi One to Unicode

လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုပ်ဆောင်နေမှုများကို ယမန်နေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ လက်ပံတောင်း ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စစ်တပ်ပိုင် စီးပွားရေး ဦးပိုင် လီမီတက်နှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို ဘက်စုံမှ စိစစ်နေကြောင်း၊ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့သည် ဦးပိုင် လီမိတက် ဥက္ကဋ္ဌနှင့် ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် မြန်မာ့ ပတ်ဝန်းကျင် သိပ္ပံအဖွဲ့က စံပယ်တောင်နှင့် ကြေးနီတောင် စီမံကိန်းများကို ကွင်းဆင်းလေ့လာခဲ့ပြီး ပဏာမ အစီရင်ခံစာကို ဇန်နဝါရီလ ၁၀ ရက်နေ့က တင်ပြီးဖြစ်ကြောင်း သိရသည်။ လက်ပံတောင်း သပိတ်စခန်းမှ မီးလောင်ဒဏ်ရာရပြီး ထိုင်းနိုင်ငံတွင် ဆေးကုသနေသည့် အရှင်သဇ္ဇနသည် အခြေအနေ ကောင်းမွန်ပြီး မကြာမီ မြန်မာနိုင်ငံ ပြန်လာမည်ဖြစ်ပြီး ဦးတိက္ခဉာဏ၏ အခြေအနေမှာ တိုးတက်မှုရှိသော်လည်း ဆက်လက် ဆေးကုသမှု ခံယူရန် လိုအပ်သည်ဟု သိရသည်။

Loading