အစိုးရစစ်တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ဆန်များ လိုင်ဇာမြို့တွင်း ခကျန် ရပ်ကွက်ထဲသို့ ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသား ၁ ဦးသေဆုံးပြီး၊ ကလေး ၃ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ပထမအကြိမ် ပစ်ခတ်မှုတွင် မီးလှုံနေသည့် မိသားစုအနီး ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ကလေး ၂ ဦးနှင့် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး ဒဏ်ရာရခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ် ပစ်ခတ်မှုတွင် နေအိမ်ပေါ် တိုက်ရိုက်ကျခဲ့ပြီး အိမ်ထဲမှ ကလေးတဦး ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း သိရသည်။ နောက်ဆုံး ရရှိသည့် သတင်းများအရ ဒဏ်ရာ ရသူများကို ဆေးရုံပို့ရာ ၂ ဦး ထပ်မံသေဆုံးပြီး ကလေး၁ ဦး၊ လူကြီး ၁ ဦးဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။