သတင်းတို

မိုးထိ မိုးမိ အင်းလုပ်ငန်း နစ်နာသူများကို သိန်း ၅၇၀ လျော်ကြေးပေး

This article has been converted from Zawgyi One to Unicode

အမျိုးသား ကြီးပွားတိုးတက်ရေး ရွှေတူးဖော်ရေး ကုမ္ပဏီက မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ရှိ မိုးထိ မိုးမိ ရွှေလုပ်ငန်းတွင် ပါဝင်သူ ၇၅ ဦးအား အင်းလုပ်ငန်း နစ်နာကြေးငွေ ကျပ် သိန်း ၅၇၀ ကျော်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် နေ့မှစတင်ကာ ယနေ့အထိ စိစစ်ပေးလျော်ပြီး ဖြစ်ကြောင်း သိရသည်။ အင်းလုပ်ငန်းတွင် ပါဝင်သူ တဦးလှျှင် အင်းနစ်နာကြေး ကျပ် ၁၅ သိန်းနှုန်း ပေးလျော်ခဲ့ပြီးနောက် ဆန္ဒပြမှုများကို အဆုံးသတ်ခဲ့ကြောင်း ညှိနှိုင်းကူညီပေးသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဇန်နဝါရီလ ၂ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် မိုးထိ မိုးမိ ရွှေလုပ်သားများ နေပြည်တော်သို့ လမ်းလျှောက်ဆန္ဒပြမှုတွင် ဦးဆောင်ခဲ့သူ ၄ ဦးကို ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ၁ သောင်းစီ ချမှတ်လိုက်ခြင်းကို မတရားကြောင်း ဒေါ်စန္ဒာမင်းက ပြောဆိုခဲ့သည်။

Loading