ဦးမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ၁၆ ဦးပါဝင်သော အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံသို့ လေ့လာရေး ခရီးစဉ်ကို ယနေ့ နံနက်က စတင်ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်သည် ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် Center for Peace and Conflict Studies (ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများ လေ့လာရေး စင်တာ – CPCS) နှင့် ဒေါက်တာ ကျော်သူ ဦးစီးသည့် ပေါင်းကူး ဖောင်ဒေးရှင်းမှ စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဖိလစ်ပိုင် ခရီးစဉ်သည် ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ပြီး ခရီးစဉ် အတွင်း ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့် လူထုအခြေပြု လုပ်ငန်းများကို လေ့လာကြမည်ဖြစ်သည်။ ထို့အပြင် ဖိလစ်ပိုင် အစိုးရတာဝန်ရှိသူများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများနှင့် အရပ်ဖက် လူထုအခြေပြု လူ့အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။