သတင်းတို

လယ်သမား အမတော်ကြေး ငွေများ တိုးမြှင့် ထုတ်ချေးမည်

This article has been converted from Zawgyi One to Unicode

တောင်သူလယ်သမားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် အနေဖြင့် စိုက်ပျိုးစရိတ် ချေးငွေ(အမတော်ကြေး)များကို အစိုးရ က တိုးမြှင့် ထုတ်ချေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယခင် တဧက ကျပ် ၈၀၀၀၀ ပေးနေရာမှ ကျပ် ၁ သိန်း သို့ တိုးမြှင့် ပေး မည် ဖြစ်ကြောင်း၊ မူလကြွေးဟောင်း ကြွေးကျန်များကို အပြည့်အ၀ ပြန်လည် ပေးဆပ်ပြီးသူများကိုသာ ထုတ်ချေးသွားမည် ဖြစ် ကြောင်း၊ အမှန်တကယ် အခက်အခဲ ရှိနိုင်သည့် တပိုင်တနိုင်နှင့် ၁၀ နှင့်အောက် တောင်သူများကို ထုတ်ချေးသွားမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန က ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ထုတ်ပြန်ထားသည်။

Loading