ထိုင်ဝမ် စမတ်ဖုန်း ကုမ္ပဏီတခု ဖြစ်သည့် HTC သည် မြန်မာနိုင်ငံ စမတ်ဖုန်းဈေးကွက် သို့ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း သိရသည်။ HTC သည် ကမ္ဘာ့ ပထမဆုံး Window စမတ်ဖုန်း ထုတ်လုပ်နိုင်သော ကုမ္ပဏီတခု ဖြစ်လာခဲ့ပြီး စမတ်ဖုန်း ဈေးကွက်၏ ထိပ်တန်း စာရင်းဝင်လည်း ဖြစ်ခဲ့သည်။ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး အိုင်တီ ကုမ္ပဏီ ၁၀၀ တွင် HTC သည် နံပါတ် ၁၁ ဖြစ်ပြီး အာရှ၌ ထိပ်တန်း ၅ ခု စာရင်းဝင် ဖြစ်သည်ဟု Wall Street Journal သတင်း၌ ဖော်ပြထားသည်။ ယင်း ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် မစ္စတာ ပီတာချူး (ခေါ်) ဦးဝင်းသန်း သည် မြန်မာနိုင်ငံ မန္တလေးမြို့ဖွား ထိုင်ဝမ်နိုင်ငံသား ဖြစ်သည်။ ဦးဝင်းသန်း သည် ၂၀၁၂ ခု မေလအတွင်းက မြန်မာနိုင်ငံသို့ အလည် အပတ် လာရောက်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။