ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စင်ကာပူနိုင်ငံသို့ ယမန်နေ့က ချစ်ကြည်ရေးခရီး ထွက်ခွာ သွားကြောင်း သိရသည်။ ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lt-Gen Neo Kian Hong ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်း ဖြစ်ကြောင်း၊ ထိုမှ ဆက်လက်၍ မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato Sri Zulkifeli Bin Mohd Zin ၏ ဖိတ်ကြားချက်အရ မလေးရှား နိုင်ငံသို့ သွားရောက်ရန် ရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။