နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC) အကြီးအကဲ မစ္စတာ Peter Maurer သည် ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ပထမဆုံး အကြိမ် မြန်မာနိုင်ငံသို့ လာရောက်သည့် ၎င်း၏ ၆ ရက်ကြာ ခရီးစဉ် အတွင်း တနင်္လာနေ့တွင် သမ္မတ ဦးသိန်းစိန် နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ အကျဉ်းထောင်များနှင့် ပဋိပက္ခများ ဖြစ်ပွားနေသည့် နယ်စပ်ဒေသများသို့လည်း သွားရောက်ရန် ရှိကြောင်း Reuters သတင်းက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။