သတင်းတို

ရနောင်းရှိ ကုန်ထုတ်လုပ်ငန်း အများစု မြန်မာဘက်အခြမ်းသို့ ရွှေ့ရန် စီစဉ်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းရှိ ကုန်ထုတ်လုပ်ငန်း အများစုသည် မြန်မာနိုင်ငံဘက် အခြမ်းသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် စီစဉ်နေကြကြောင်း သိရသည်။ ထိုင်းအစိုးရက ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အလုပ်သမား လုပ်အားခအား တနေ့ ဘတ်ငွေ ၃၀၀ ပေးရန် တရားဝင် သတ်မှတ် ကြောညာလိုက်ပြီးနောက် အဆိုပါ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအား မြန်မာနိုင်ငံဘက်ခြမ်းတွင် လုပ်ကိုင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ထိုင်းသတင်း အေဂျင်စီ (TNA) သတင်းတပုဒ် ကဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရနောင်းစက်မှုဇုန်မှ ယမန်နေ့က ကြောညာချက် ထုတ်ပြန်ကာ အတည်ပြုခဲ့သည်။ လက်ရှိ လုပ်အားခ ဈေးနှုန်းမြင့်မားမှုနှင့် ထိုင်းနိုင်ငံတွင်း ကုန်ကြမ်း လျော့ကျမှုများကြောင့် ထိုင်းစီးပွားရေး လုပ်ငန်းတခုလုံး အနေဖြင့် ပြိုင်ဆိုင်မှုတွင် အဓိကကျကြောင်းလည်း အဆိုပါကြေညာချက်က ဆိုသည်။ ရနောင်း ကုန်သည်ကြီးများ အသင်းကလည်း ယခုအခါ ခရီးသွားလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်ရေးအတွက် နှစ်စဉ် ဘတ်ငွေ ၁၅ သန်းအထိ ရရှိနေသော ထိုင်းနိုင်ငံ ရနောင်းနှင့် မြန်မာနိုင်ငံ ကော့သောင်းအကြား နယ်စပ်တလျှောက် လွတ်လပ်သည့် ဈေးကွက် ဇုန်တခုအတွက် မြေနေရာရှာဖွေမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

Loading