ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများကို အမြန်ဆုံးရပ်ဆိုင်းရန် ဗြီတိသျှ ပါလီမန်က ယမန်နေ့တွင် တိုက်တွန်း လိုက်ကြောင်း သိရသည်။ သို့မဟုတ်ပါက ယာယီ ဆိုင်းငံ့ထားသည့် ပိတ်ဆို့ အရေးယူမှု ဆိုင်ရာများကို ပြန်လည်သုံးသပ်ဖွယ် ရှိကြောင်း၊ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ကောင်စီက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု ဆိုင်းငံ့ထားခြင်းနှင့် ပတ်သက်ပြီး လာမည့် ဧပြီလအတွင်း ပြန် လည် သုံးသပ်မည် ဖြစ်ကြောင်း ဗြီတိသျှ ဒု နိုင်ငံခြားရေး ဝန်ကြီး Alistair Burt က ပြောဆိုကြောင်း ဘီဘီစီ သတင်းတွင် ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။