အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC) အကြီးအကဲ Mr Peter Maurer နှင့် သမ္မတ ဦးသိန်းစိန်တို့ ယမန်နေ့က တွေ့ဆုံသည်။ တွေ့ဆုံရာတွင် ICRC အနေနှင့် အကျဉ်းထောင်များ အတွင်း လျှပ်စစ်၊ ရေ ၊ မိလ္လာ ကိစ္စရပ်များကို ဆက်လက် အကူ အညီ ပေးရန်၊ ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၌ ICRC က လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများနှင့် ဆေးဝါး၊ ကျန်းမာရေး နှင့် သောက်သုံးရေ ကိစ္စရပ်များ ကူညီရန်၊ မြန်မာနိုင်ငံနှင့် ICRC ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် တို့ကို ဆွေးနွေးကြကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။