• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KIA ဗဟိုဌာနချုပ်အနီး အစိုးရတပ် တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်

by ကျော်ခ
15 January 2013
in သတင်း
A A
KIA ဗဟိုဌာနချုပ်အနီး အစိုးရတပ် တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်

ဗုံးခိုကျင်းအနီးတွင် ကချင် မိသားစုတစုကို ၂၀၁၂ ဒီဇင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - လဖိုင် / ဧရာဝတီ)

9.1k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဗဟိုဌာနချုပ် အခြေစိုက်ရာ လင်းဘွန်တောင်နှင့် အနီးရှိ ခါရာတောင်ကုန်းတို့ကို အစိုးရ တပ်များက တိုက်လေယာဉ်များ၊ ခြေလျင်တပ်ရင်းများ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း စစ်မြေပြင် သတင်းများ အရသိရသည်။

ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၏ အနောက်မြောက်ဘက်တွင်ရှိသော ခါရာတောင်ကုန်းကို အစိုးရ တပ်ဘက်က ယနေ့ မနက်ပိုင်းတွင် ခြေလျင်တပ်ရင်းများဖြင့် စတင်တိုက်ခိုက်ပြီးနောက် မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်များဖြင့်ပါ အရှိန်မြှင့် တိုက်ခိုက်ကြောင်း သိရသည်။

RelatedPosts

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
66
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
533
အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

19 July 2025
344

ယင်းသို့ တိုက်ခိုက်ရာတွင် လိုင်ဇာမြို့အထက် KIA ဗဟိုဌာနချုပ် အခြေစိုက်ရာ လင်းဘွန်တောင်ခြေကိုပါ ရောက်ရှိလာကြောင်း KIA နှင့် ပူးတွဲ တိုက်ပွဲဝင်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းမှ ဗိုလ်မှူး မင်းဌေးက ပြောသည်။

“မနက်ပိုင်းမှာ ခါရာတောင်ကို မြေပြင်ကနေ နှစ်ကြိမ်၊ သုံးကြိမ် စစ်တပ်က တက်ထိုးတယ်။ ကျနော်တို့ ဘက်က ပြန်ပြီးတော့ ခုခံတယ်။ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်မှာ တိုက်လေယာဉ် ၂ စီးနဲ့ ၃ ကြိမ်လာပြီး ဗုံးကြဲသွားတယ်။ အခုလိုင်ဇာမြို့ထဲကို လက်နက်ကြီးနဲ့ ပစ်တယ်။ ပစ်တဲ့ လက်နက်ကြီး ကျည်တွေက တရုတ်ဘက်ကမ်းကိုလည်း ကျနေတယ်၊ အခုလည်း ပစ်နေတုန်းပဲ” ဟု ဗိုလ်မှူး မင်းဌေးက ယနေ့ ညနေက ဧရာဝတီသို့ ပြောသည်။

KIA ဗဟိုဌာနချုပ်အနီးရှိ တောင်ကုန်းများကို သိမ်းပိုက်နိုင်ရေး အင်အားသုံး ထိုးစစ်ဆင်နေသည်ကို လိုင်ဇာ မြို့ခံများကလည်း မြင်တွေ့နေရသဖြင့် စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

“ခါရာတောင်ကို သူတို့လုယူဖို့ ကြိုးစားနေတာလေ။ အဲဒါကြောင့် လက်နက်ကြီးနဲ့လည်း ပစ်တယ်၊ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်၊ လေယာဉ်ပေါ်ကနေပြီးတော့လည်း စက်သေနတ်နဲ့လည်း ပစ်တယ်။ အဲဒီဘက်မှာနေတဲ့ လူတွေကတော့ ဒုက္ခသည်စခန်းကို ပြေးကုန်ပြီ။ ဒီနေ့တော့ ကျမတို့ လိုင်ဇာမြို့ထဲကို ပစ်တာမရှိသေးဘူး” ဟု လိုင်ဇာမြို့သူ တဦးက ဧရာဝတီသို့ ပြောသည်။

အစိုးရတပ်များသည် ယမန်နေ့က လိုင်ဇာမြို့ လူနေ ရပ်ကွက်များထဲသို့ လက်နက်ကြီးဖြင့် မနက်ပိုင်းနှင့် ညပိုင်း နှစ်ကြိမ် ပစ်ခတ်ခဲ့သဖြင့် အရပ်သား ၃ ဦး သေဆုံးပြီး စုစုပေါင်း ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း လိုင်ဇာမြို့ခံများနှင့် ယင်းနေရာကို ရောက်ရှိနေသည် ဧရာဝတီ သတင်းထောက်တို့က ပြောသည်။

အစိုးရတပ်များက KIA ကို ထိုးစစ်ဆင်ရာတွင် လက်နက်ကြီးများကိုပါ အသုံးပြုသဖြင့် ဒေသခံများမှာ ၎င်းတို့ လုံခြုံရေးအတွက် ဗုံးခိုကျင်းများကိုပါ အသုံးပြုနေကြပြီး အစိုးရတပ်များ ခါရာတောင်ကုန်းကို သိမ်းပိုက်ရန် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်နေစဉ် မိုင်ဂျာယန် ဒုက္ခသည်စခန်းထဲတွင် တူးလက်စ ဗုံးခိုကျင်းထဲ ဝင်ကစားနေသည့် အသက် ၁၃ နှစ်အောက် အရွယ် ကလေး ၃ ဦး ကျင်းပြိုကျပြီး သေဆုံးသွားကြောင်း သိရသည်။

“တူးတဲ့လူကြီးတွေက ထမင်းစား နားနေတဲ့အချိန်မှာ ကျောင်းဆင်းချိန်လည်းဖြစ်တော့ အဲဒီ တူးလက်စ တွင်းထဲကို ဝင်ပြီးတော့ ဆော့နေချိန်မှာပဲ မမျှော်လင့်ဘဲ ပြိုကျပြီး ဆုံးသွားတာ။ ပြိုကျကျခြင်း သွားပြီးဖော်ထုတ်ကြတယ်၊ ဒါပေမယ့် ကလေးတွေ ကံဆိုးပါတယ်၊ ၄ တန်းကျောင်းသားက ၁ ယောက်၊ ၃ တန်းက ၂ ယောက်” ဟု ဒုက္ခသည်များကို အကူအညီပေးနေသည့် “လူထုအလင်း” အဖွဲ့ တာဝန်ရှိသူ မမေရီအောင်က ပြောသည်။

အရပ်သားများပါ ထိခိုက်သေဆုံးနေသော ကချင်ပြည်နယ်ထဲမှ စစ်ပွဲများကို အမြန်ဆုံး ရပ်ဆိုင်းပေးရန် ဗြိတိသျှ ပါလီမန်က တိုက်တွန်းလိုက်ပြီး မြန်မာနိုင်ငံအပေါ် ယာယီ ပိတ်ဆို့ထားမှုများကို ပြန်သုံးသပ်ရာ၌ သက်ရောက်မှု ရှိနေကြောင်း သတိပေး ပြောကြားလိုက်သည်။

ယမန်နေ့က ကျင်းပသော ဗြိတိသျှပါလီမန်တွင် ဗြိတိသျှ ဒု နိုင်ငံခြားရေးဝန်ကြီး Alistair Burt က အောက်လွှတ်တော်တွင် ယင်းသို့ ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု ဖယ်ရှားခြင်းသည် ယာယီသာ ဖြစ်ပြီး ရုတ်သိမ်းခြင်း မဟုတ်သေးကြောင်း၊ အစိုးရတပ်က ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်မှုကို ဗြိတိသျှ အစိုးရက စိုးရိမ်ကြောင်း ဗြိတိသျှ ဒု နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

မကြာသေးခင်က မြန်မာအစိုးရနှင့် ဆွေးနွေးမှုပြုလုပ်ရာတွင် တိုက်ပွဲများရပ်ပေးရန်၊ ဒုက္ခသည်များထံ လွပ်လပ်စွာ သွားရောက် ကူညီခွင့်ပေးရန်နှင့် ရေရှည်ငြိမ်းချမ်းရေးအတွက် KIA အပါအဝင် သက်ဆိုင်သူ အားလုံး ဆွေးနွေးပွဲ စကားဝိုင်းကို လာကြရန် ဗြိတိသျှအစိုးရအနေဖြင့် တိုက်တွန်းခဲ့ကြောင်း သိရသည်။

တချိန်တည်းတွင်ပင် အမေရိကန်အစိုးရကလည်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ အဆုံးသတ်ရေး မြန်မာအစိုးရ တပ်များနှင့် ကချင်တပ်များ နှစ်ဖက်လုံး ဆောင်ရွက်ကြရန်နှင့် သိန်းချီသော စစ်ဘေးဒုက္ခသည်များကိုလည်း အကူအညီများ ပေးကြရန် တိုက်တွန်းပြောဆိုကြောင်း VOA သတင်းဌာနက ဖော်ပြထားသည်။

အလားတူ မြန်မာနိုင်ငံ အထူးဒေသ (၂) (‘ဝ’ ပြည်နယ်)၊ ရှမ်းပြည်နယ် အထူးဒေသ (၃) (SSPP/SSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) (မိုင်းလား) တို့မှ ကချင်ပြည်နယ် စစ်ပွဲတဆင့် တိုးမြင့်တက်လာခြင်းနှင့် ပတ်သက်၍ ချက်ချင်းရပ်စဲပြီး စေတနာသန့်သန့် သဘောရိုးရိုးဖြင့် ဗဟိုအစိုးရနှင့် တိုင်းရင်းသား တိုင်းရင်းသား လူမျိုးစုများအကြား စစ်မှန်သော ယုံကြည်မှု တည်ဆောက်သွားကြရန် တိုက်တွန်းကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်သည်။

“ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရမှ KIA အပေါ် ဆင်နွှဲနေသည့် ထိုးစစ်ကို ချက်ချင်းရပ်စဲပြီး ငြိမ်းချမ်းသည့် နည်းဖြင့် ပြည်တွင်း ရှိသမျှ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းများနှင့် ဖြစ်ပေါ်နေသည့် အရှုပ်အရှင်း အငြင်းပွားမှုများကို ဖြေရှင်းပြီး အဓိကရုဏ်းဖြစ်ပွားနေသည့် နှစ်ဦးနှစ်ဖက်တို့သည် ဆင်ခြင်တုံတရားရှိစွာဖြင့် ကြုံတွေ့နေ သည့် ပြဿနာ များနှင့် ငြင်းပွားခိုက်ရန် ဖြစ်ပွားမှုများကို ဖြေရှင်းသွားနိုင်ကြရန် ပန်ကြားအပ်ပါသည်” ဟု ယခုလ ၁၀ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်အတွင်းက စစ်ပွဲများကြောင့် ဒေသခံလူထုမှာ နေ့စဉ်နှင့်အမျှ ခံစားနေရကြောင်းနှင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် KIO/KIA တို့ကို တွေ့ဆုံဆွေးနွေးကြရန် ပြည်သူ့ လွှတ်တော်က ယခုလ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်တောင်းဆိုထားသော်လည်း ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများနှင့် ပတ်သက်၍ အစိုးရ စစ်တပ်ကိုမူ ထောက်ပြပြောဆိုခြင်း မရှိပေ။

Your Thoughts …
Tags: Kachin StateKIA
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.1k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.2k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.3k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
မောင်တော နယ်စပ် ကလေးများ ပညာရေး အကူအညီများ လိုအပ်

မောင်တော နယ်စပ် ကလေးများ ပညာရေး အကူအညီများ လိုအပ်

နဝတ ပြဌာန်းခဲ့သည့် ဥပဒေ အမှတ် ၅/၉၆ ရုပ်သိမ်း

Please login to join discussion
No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.8k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
3.6k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate