ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နယ်အတွင်းရှိ ဒေသခံများကို လုံခြုံ စိတ်ချရသည့် နေရာသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အစိုးရတပ်ဖက်မှ လက်နက်ကြီး ကျည်ဆန်များ လိုင်ဇာမြို့ ခကျန်ရပ်ကွက်အတွင်း ကျရောက်ပြီးနောက် ယင်းသို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်ကြောင်း ကချင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ ဧရာဝတီသို့ ပြောသည်။ လူနေရပ်ကွက်အတွင်း လက်နက်ကြီး ကျည်ဆံများ ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။