• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျော်သူရိုက်တဲ့ ဇာတ်ကားမှာ နန်းခင်ဇေယျာ သရုပ်ဆောင်မယ်

by လင်းသန့်
16 January 2013
in သတင်း
A A
ကျော်သူရိုက်တဲ့ ဇာတ်ကားမှာ နန်းခင်ဇေယျာ သရုပ်ဆောင်မယ်

ရုပ်ရှင်ရိုက်တော့မယ့် နန်းခင်ဇေယျာ (ဓာတ်ပုံ - ဧရာဝတီ)

9.2k
VIEWS
Share on FacebookShare on Twitter

ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss International 2012 မှာ ထင်ရှားလာပြီး ပရိသတ်ရွေးချယ်မှုဆုနဲ့ မစ္စ အင်တာနက် ဆုတွေရခဲ့သူ အလှမယ် နန်းခင်ဇေယျာဟာ အခုဆိုရင် ပထမဆုံး အကြိမ် ရုပ်ရှင် ဇာတ်ကားတကားမှာ သရုပ်ဆောင် တော့မှာပါ။

ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်တဲ့ နာရေး ကူညီမှု အသင်း (ရန်ကုန်) မှာလည်း ပရဟိတ လုပ်ငန်းမှာ လုပ်အားပေးနေတဲ့ နန်းခင်ဇေယျာကို ဦးကျော်သူက ကမ်းလှမ်းခဲ့တဲ့အတွက် အခုလို ရုပ်ရှင် ရိုက်ကူးဖို့ ဖြစ်လာတာပါ လို့ နန်းခင်ဇေယျာက ဧရာဝတီကို ပြောပါတယ်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
719
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
167
ချင်းမိုင်က ဗုဒ္ဓနေ့ တောင်တက်ပွဲ (ရုပ်/သံ)

ချင်းမိုင်က ဗုဒ္ဓနေ့ တောင်တက်ပွဲ (ရုပ်/သံ)

11 May 2025
89

“ပထမတော့ ရုပ်ရှင်ရိုက်မယ်ဆိုတာ မရှိသေးပါဘူး။ ဦးကျော်သူက ကျမကို ပရဟိတ လုပ်ငန်းတွေထဲက တကယ့် အဖြစ်အပျက် အခက်အခဲ လေးတွေအကြောင်း ရိုက်စရာ ရှိတယ်တဲ့။ သမီး သရုပ်ဆောင်ဖြစ်လားလို့ မေးတော့ ကျမ သရုပ်ဆောင် ဖြစ်သွားတာပါ၊ ဒါက ပထမဆုံး ရိုက်ကူးမယ့် ရုပ်ရှင်ပါ” လို့ သူက ရှင်းပြပါတယ်။

ကြော်ငြာ ရိုက်ကူးမှုတွေ လုပ်နေသလို ဧည့်လမ်းညွှန် တဦးလည်းဖြစ်တဲ့ နန်းခင်ဇေယျာဟာ ပရဟိတ လုပ်ငန်းတွေ မှာလည်း လုပ်အားပေးနေတဲ့အတွက် အခုလို ရုပ်ရှင် ရိုက်ဖို့ ကမ်းလှမ်းခံခဲ့ရတာဖြစ်ပြီး ရုပ်ရှင် ရိုက်ကူး မှုကိုတော့ လာမယ့် မတ်၊ ဧပြီ၊ မေလ လောက်မှာ စတင်နိုင်တယ်လို့ ဦးကျော်သူ ကလည်း ဧရာဝတီကို ပြောပါတယ်။

“အခု ရိုက်ကူးမယ်ဆိုတဲ့ ဇာတ်ကားက ပရဟိတ လုပ်ငန်းနဲ့ ပတ်သက်တာပါ။ ဇာတ်ညွှန်းတွေ ကတော့ ဘာမှ မပြီး သေးဘူး။ ဇာတ်ညွှန်းပြီးမှပဲ ရိုက်ဖြစ်မယ်။ မတ်၊ ဧပြီ၊ မေ လောက် ရိုက်ဖြစ်မယ် ထင်တယ်။ သူကလည်း ကျနော်တို့ လူမှုရေး အသင်းမှာ လာပြီး လုပ်အားပေးနေတော့ သူ့ကို ကမ်းလှမ်းလိုက်တာပါ။ ဒီ့ပြင်လူတွေလည်း ပါအုံးမှာ။ ဒါ ကတော့ ကုသိုလ်ရေး လုပ်မယ့် ကားဆိုတော့ ပရဟိတ စိတ်ဓာတ်ရှိတဲ့ အနုပညာသမားတွေက ကျနော်တို့ကို ကမ်းလှမ်းလာရင် ကျနော်တို့က စီစဉ်ပေးမှာပါ” လို့ သူက ဆိုပါတယ်။

အခုချိန်အထိ ကြော်ငြာတွေပဲ ရိုက်ကူးနေခဲ့ပြီး ရုပ်ရှင် မရိုက်ဘူးလို့ ပြောဆိုထားခဲ့ပေမယ့် ဦးကျော်သူက ဇာတ်ညွှန်းတွေ ရေးပြီး ရုပ်ရှင် ဇာတ်ကား ရိုက်ကူးမယ် ဆိုလာတော့ ရုပ်ရှင်ရိုက်ဖို့ ဖြစ်လာခဲ့တယ်လို့ နန်းခင်ဇေယျာက ပြောပါတယ်။

“ကျမ သရုပ်ဆောင်ထားတာ အခုဆို ကြော်ငြာတွေက ၇ ခုလောက် ရှိပါပြီ။ ကျမက ပထမ စစတုန်းကတော့ ရုပ်ရှင် ရိုက်မယ်ဆိုတာ ငြင်းထားတယ်။ အဲဒီလို ငြင်းထားပေမယ့် ဦးကျော်သူက ဇာတ်ညွှန်းတွေလည်း စီစဉ်နေပြီဆိုတော့ စိတ်ဝင်စားသွားပါတယ်။ သရုပ်ဆောင်မယ်လို့ ဦးကျော်သူကို ပြောလိုက်တာ။ ဒါပေမယ့် ကာရိုက်တာ (ဇာတ်ရုပ်) တော့ မသိရသေးပါဘူး။ ဘယ်လို ဇာတ်ညွှန်းလာမလဲ ဆိုတာလည်း မသိရသေးပါဘူး” လို့ သူက ဆိုပါတယ်။

ဦးကျော်သူကတော့ မြန်မာလူမှုရေး အသင်းအဖွဲ့တွေ၊ မြန်မာပြည်သူတွေ တွေ့ကြုံခံစားနေရတဲ့ ဖြစ်ရပ်တွေကို အခြေခံ တင်ပြသွားမယ့် ရုပ်ရှင် ဇာတ်ကား ဖြစ်မယ်လို့ ဆိုပါတယ်။

“ကျနော်တို့က တနိုင်ငံလုံး ပြည်သူလူထု ကိုယ်စား ပြည်သူလူထု တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေ၊ ရုန်းကန် နေရတဲ့ ဟာတွေကို ပြည်သူလူထု ကိုယ်စား တနိုင်ငံလုံးမှာရှိတဲ့ လူမှုရေး အသင်းအဖွဲ့တွေ ကိုယ်စား ရိုက်ကူးမှာပါ။ အဲဒီတော့ ဒါက အများအကျိုးပြု ဇာတ်ကားပေါ့” လို့ ဦးကျော်သူက ပြောပါတယ်။

အခုလို ရုပ်ရှင် သရုပ်ဆောင် ဖြစ်လာတော့မယ့် နန်းခင်ဇေယျာဟာ အခုတော့ ဘယ်လို ရုပ်ရှင်ဇာတ်လမ်းတွေမှာ ဘယ်လို သရုပ်ဆောင်ရတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ လုပ်နေပြီလို့လည်း သိရပါတယ်။

“အခုဟာက ပထမဆုံးဆိုတော့ ရုပ်ရှင်မှာ ဘယ်လိုသရုပ်ဆောင် ရမယ်ဆိုတာကအစ အကုန်လုံး လေ့လာဖြစ် နေပါတယ်” လို့ နန်းခင်ဇေယျာက ဆိုပါတယ်။

သူ့ဘဝမှာ ရုပ်ရှင် သရုပ်ဆောင် ဖြစ်လာမယ်လို့တော့ မျှော်လင့်မထားခဲ့ပါဘူးလို့ နန်းခင်ဇေယျာက ပြောပေမယ့် မြန်မာ့ရုပ်ရှင်လောကထဲက နာမည်ကြီး မင်းသမီးကြီး ၂ ဦးကိုတော့ လေးစား အားကျပါတယ်တဲ့။

“အခုလို ရုပ်ရှင် သရုပ်ဆောင်ဖြစ်ဖို့တော့ မျှော်လင့်မထားခဲ့ပါဘူး။ ဒါပေမယ့် မထက်ထက်မိုးဦးနဲ့ မထွန်းအိန္ဒြာဘို တို့ကို ကျမ ခရေဇီဖြစ်တယ်” လို့ နန်းခင်ဇေယျာက ဆိုပါတယ်။

အခုလို ရုပ်ရှင် သရုပ်ဆောင် ဖြစ်လာတော့မှာမို့လို့ ကြိုးစားပြီး သရုပ်ဆောင်မယ်ဆိုတဲ့ နန်းခင်ဇေယျာဟာ သူ့ဘဝမှာ ဧည့်လမ်းညွှန်ဆိုတဲ့ လုပ်ငန်းနဲ့ ပရဟိတ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ကတော့ အမြဲ ဆက်လုပ်ဖြစ်နေမှာပါလို့ ပြောပါတယ်။

“ကျမ ကြိုးစားပြီးတော့ သရုပ်ဆောင်မယ်။ ဒါပေမယ့် ပရဟိတ လုပ်ငန်းနဲ့ ဧည့်လမ်းညွှန် လုပ်ငန်းကိုတော့ အမြဲ လုပ်ဖြစ်မှာပါလို့ ပရိသတ်ကို ပြောချင်ပါတယ်။ မနက်ဖြန် ဆိုရင် ကျမ ခရီးစထွက်ပါပြီ။ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံ ဒေသတွေကိုပါ” လို့ သူက ဆိုပါတယ်။

အချိန်တိုအတွင်း အင်တာနက် သုံးစွဲသူ မြန်မာပရိသတ်တွေရဲ့ အားပေးမှုနဲ့ နာမည်ရလာတဲ့ နန်းခင်ဇေယျာရဲ့ ကြော်ငြာရိုက်ကူးမှုတွေနဲ့ ပတ်သက်လို့လည်း သူက “ကြော်ငြာလုပ်ငန်းတွေနဲ့ ပတ်သက်လို့ သူတို့ကိုယ်တိုင်ပဲ ဆက်သွယ် လာတာ ရှိသလို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က တဆင့်လည်း လာတာရှိပါတယ်” လို့ ပြောပြပါတယ်။

တဘက်မှာလည်း နာမည်ကြီး သရုပ်ဆောင်တဦးဖြစ်တဲ့ ဦးကျော်သူဟာ ရုပ်ရှင် ကင်မရာကို ပြန်လည် ကိုင်တွယ်ပြီး တရားဝင် ခွင့်ပြုချက်ရတဲ့အထိ စောင့်နေတယ်လို့ ဆိုပါတယ်။ အစိုးရက ခွင့်ပြုချက်မပေးရင် အခု ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားအတွက် ကိုယ်တိုင် ရိုက်ကူးဖို့ ခက်ခဲနိုင်ပါတယ်လို့ သူက ပြောပါတယ်။

“အခုလည်း ကင်မရာကတော့ ကိုယ့်ဟာကိုယ် ကိုင်နေတာပါပဲ။ ဒါပေမယ့် အစိုးရက တရားဝင် ခွင့်ပြု၊ မပြုတော့ မသိဘူး။ ဇင်ဝိုင်းကတော့ သူ ရအောင် လုပ်ပေးမယ် ပြောပါတယ်။ ခွင့်ပြုမှ ရိုက်လို့ ရမှာပေါ့” လို့ ဦးကျော်သူက ဆိုပါတယ်။

ဦးကျော်သူကို နိုင်ငံတော်က ရုပ်ရှင် ရိုက်ကူးခွင့် ပေးမယ်ဆိုရင် ပထမဆုံး ပြန်လည် ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်ပြီး သူက ဒီဇာတ်ကားဟာ အားလုံးအတွက် အကျိုးပြုမယ့် ကား၊ မြန်မာတနိုင်ငံလုံးနဲ့ မြန်မာ ပြည်သူတွေ အတွက်၊ လူမှုရေး အဖွဲ့တွေအားလုံးကို အကျိုးပြုမယ့် ကားဆိုတာ အာမခံတယ်လို့ ဧရာဝတီကို ပြောပါတယ်။

Your Thoughts …
Tags: Entertain
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.1k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထိုင်း သရဲကား, မြဝတီ ရုပ်သံ , MWD Documentary

ပေါ်ပြူလာ ဖြစ်လာသော ထိုင်းသရဲကားများ

by သူဇာ
21 April 2015
12.3k

ပရိသတ် စိတ်ဝင်စားရန် ရိုက်ကူး ပုံဖော်ထားသည့် ထိုင်း ရုပ်ရှင်၏ ဇာတ်လမ်း ဇာတ်ကွက်များက ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲများကို ငြီးငွေ့နေသည့် မြန်မာ ပရိသတ်များ အတွက် စိတ်အပန်းဖြေစရာ အပတ်စဉ် စောင့်ကြည့်ရသည့် ဇာတ်လမ်းတွဲတခု ဖြစ်လာနေသည်။

ထိုင်းဘုရင်နရဲစွမ်, ဘုရင့်နောင်, ထိုင်းနိုင်ငံ, မြန်မာနိုင်ငံ, ရုပ်ရှင်ဇာတ်ကား

The Legend of King Naresuan အပိုင်း ၅ ကို ထိုင်းရုပ်ရှင်ရုံတွေမှာ အခမဲ့ ပြသ

by ရန်ပိုင်
16 June 2014
14.9k

ထိုင်း အမျိုးသားရေး စိတ်ဓာတ်အခံနဲ့ ချဉ်းကပ်လို့ မဖြစ်၊ အင်မတန် အင်အားကြီးမား၊ ဘုန်းတန်ခိုးကြီးတဲ့ မြန်မာဘုရင် ဘုရင့်နောင်ဟာ မြို့ပြနိုင်ငံတော် (City-state) များကို အောင်နိုင်ခဲ့သူ ဖြစ်ပြီး မြန်မာတွေကို ထိုင်းတွေရဲ့ ထာဝရ ရန်သူအဖြစ် ရိုက်ကူးခြင်း...

သက်တံသစ်

ထူးခြားမှုတွေနဲ့ ကြုံခဲ့ရတဲ့ ရုံတင်တော့မယ့် “သက်တံသစ်”

by မြတ်သူအောင်
27 November 2014
9.3k

သဘာဝ ဘေးအန္တရာယ် ကျရောက်မယ့် အချိန်၊ ခုနှစ်တွေ ပါရှိနေတာကို တွေ့ရပြီး ထူးခြားမှု တခုကတော့ မြန်မာပြည် - နှစ်ထောင့်တဆယ့်ခြောက် ဆိုတဲ့ စာတန်းပါပဲ။ ကျန်တဲ့ ဘာဖြစ်မယ် ဆိုတဲ့ အကြောင်းအရာ ရေးထားတဲ့ စာရွက်တပိုင်းကတော့...

မြန်မာ့ရုပ်သေး ကမ္ဘာကသိအောင် ကြိုးပမ်းခဲ့တဲ့ ဦးခင်မောင်ထွေးနဲ့ …

မြန်မာ့ရုပ်သေး ကမ္ဘာကသိအောင် ကြိုးပမ်းခဲ့တဲ့ ဦးခင်မောင်ထွေးနဲ့ …

by နဒီထိုက်
5 July 2013
8k

နိုင်ငံတကာမှာတော့ မြန်မာ့ရုပ်သေးကို သိအောင်လုပ်နိုင်ခဲ့ပြီ။ တခုပဲ လုပ်ဖို့လိုမယ်။ ကမ္ဘာ့အဖွဲ့ချုပ်မှာ ဝင်ဖို့အတွက် လိုတယ်။ အဲဒီအတွက်က နိုင်ငံတွင်းမှာ ရုပ်သေးပညာရှင်တွေ ပါတဲ့ အဖွဲ့ရှိဖို့လိုတယ်

သရဲကား မိုင်တိုင် ၂၆ ဇူလိုင် ၅ ရက်နေ့ ရုံတင်မယ်

သရဲကား မိုင်တိုင် ၂၆ ဇူလိုင် ၅ ရက်နေ့ ရုံတင်မယ်

by မြတ်သူအောင်
4 July 2013
17.2k

ပဌာန်းဆက် ပါတယ်လို့ ဟြေလို့ရမလားတော့ မသိဘူး၊ အဲဒီလို ကာရိုက်တာမျိုး သရုပ်ဆောင် ရမယ်ဆို ကိုယ်မဟုတ်တော့ဘူး၊ ကိုယ့်ကို တယောက်ယောက်က ၀င်ပူးပြီး ဖြစ်သွားသလိုပဲ

Next Post
ဒဂုံဆိပ်ကမ်း အိမ်ယာစီမံကိန်းမြေတွင် လတ်တလော ကျူးကျော်မှုများနှင့် မြေရောင်းချမှုများ ရှိနေ

ဒဂုံဆိပ်ကမ်း အိမ်ယာစီမံကိန်းမြေတွင် လတ်တလော ကျူးကျော်မှုများနှင့် မြေရောင်းချမှုများ ရှိနေ

နာဂိုယာ တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်တွင် ဥပဒေဌာန ဖွင့်မည်

Please login to join discussion
No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

2 days ago
5.2k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.7k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

    shares
    Share 0 Tweet 0
  • ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate