သတင်းတို

သမ္မတ ဦးသိန်းစိန်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H. E. Mr Sergy Viktorovich Lavrov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ တွေ့ဆုံဆွေးနွေးရာ၌ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်နှီးမှု ပိုမို ခိုင်မာရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

Loading