• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗုံးကွဲမှုကို မကျေနပ်သဖြင့် မြန်မာ – အိန္ဒိယ ဝင်ပေါက်များကို မိုးရေးသူများ ပိတ်ဆို့

by ကြယ်ပြာ
17 January 2013
in သတင်း
A A
ဗုံးကွဲမှုကို မကျေနပ်သဖြင့် မြန်မာ – အိန္ဒိယ ဝင်ပေါက်များကို မိုးရေးသူများ ပိတ်ဆို့

အိန္ဒိယ - မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်း မြင်ကွင်း (ဓာတ်ပုံ - ကောင်းညီဟန်/ ဧရာဝတီ)

3.4k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယနယ်စပ် မိုးရေးတွင် ဗုံးဖောက်ခွဲခံရမှုကြောင့် မကျေမနပ်ဖြစ်နေသော မိုးရေး ဒေသခံ အမျိုးသမီးများက မြန်မာဘက်မှ လူများ အိန္ဒိယဘက်ခြမ်းသို့ မဝင်ရောက်နိုင်ရန် အဝင်အထွက် တံခါးများအား ခုံတန်းရှည်များဖြင့် ၃ ရက်ကြာ ပိတ်ဆို့ ထားခဲ့ကြောင်း သိရသည်။

အဆိုပါ ပိတ်ဆို့မှုများကို ယနေ့နံနက်တွင် ပြန်ဖွင့်ပေးလိုက်သော်လည်း မြန်မာဘက်ခြမ်းမှ လူအများစုမှာ အဝင်အထွက် မပြုလုပ်ရဲသေးပေ။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
314
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.2k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.6k

မိုးရေး၌ နေထိုင်သော ကွတ်ကီး (ချင်း) လက်နက်ကိုင် အဖွဲ့မှ လူတဦး၏ အိမ်ကို ၁၄ ရက်နေ့က လက်ပစ်ဗုံး ၂ လုံးဖြင့် လာရောက် ဖောက်ခွဲသွားသူ တဦးသည် မြန်မာပြည်ဘက်ခြမ်းသို့ ဝင်ရောက် ထွက်ပြေးသွားသည့်အတွက် အဝင်အထွက် ဂိတ်ကို ပိတ်ဆို့ ခဲ့ရသည်အထိ ဖြစ်ခဲ့ကြောင်း မြန်မာပြည်ဘက်အခြမ်း နန်းဖာလုံဈေးမှ ဈေးသည်များက ပြောသည်။

အဆိုပါဗုံးသည် နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် တကြိမ်၊ ညနေ ၄ နာရီ ၁၅ မိနစ်တွင် တကြိမ် ပေါက်ကွဲခဲ့သော်လည်း ထိခိုက် ဒဏ်ရာ ရသူမရှိကြောင်း သိရသည်။

“တံခါးတွေမှာ တုတ်တွေနဲ့ စောင့်နေတဲ့ အမျိုးသမီးအဖွဲ့တွေ မရှိတော့ပါဘူး၊ ဒါပေမယ့် အိန္ဒိယဘက်က ကုန်သည်ကြီးတွေ မလာတော့ ဈေးက အရောင်းအဝယ် မရှိဘူး၊ ပျံကျဈေးသည်တွေလောက်ပဲ အလုပ်ဖြစ်တယ်”ဟု နန်းဖာလုံဈေးမှ အဝတ်အထည်ဆိုင် ပိုင်ရှင် မသီတာက ပြောသည်။

အိန္ဒိယနှင့် မြန်မာအစိုးရ နှစ်ဘက်လုံးက နှစ်နိုင်ငံ ဝင်ပေါက်တံခါးများအား တရားဝင်ပိတ်ခဲ့ခြင်း မရှိခဲ့သော်လည်း မိုးရေးဘက်သို့ ဝင်ပေါက် တံခါးမကြီးနှင့် ခိုးဝင်နိုင်သည့် အပေါက်များအား ခုံတန်းရှည်များဖြင့် ပိတ်ဆို့ကာ တုတ်ရှည်များ ကိုင်ဆောင်ထားသည့် အမျိုးသမီးများက စောင့်ကြပ်နေခဲ့ကြောင်း၊ မြန်မာဘက်မှ ဝင်လာသူများအား တုတ်များဖြင့် ရိုက်နှက်သည့် အတွက် ထွက်ပြေးရသူများလည်း ရှိခဲ့ကြောင်း သိရသည်။

ဂိတ်ပိတ်ဆို့ထားသည့် ၃ ရက်တာအတွင်း ယခုကဲ့သို့ ပြဿနာများ ဖြစ်နေသော်လည်း နှစ်ဘက်အစိုးရက မည်သည့် လုံခြုံမှုမှ မပေးကြောင်း၊ မိုးရေးဘက်တွင် နေ့စဉ် အလုပ်သွားလုပ်သည့် လူများလည်း မသွားရဲသည်အထိ ဖြစ်ခဲ့ရကြောင်းနှင့် နန်းဖာလုံ ဈေးကိုလည်း ပထမနှစ်ရက်တွင် နေ့လယ် ၁ နာရီအထိ ဖွင့်ခဲ့ပြီး ယမန်နေ့က ပိတ်ထားခဲ့သည်ဟု တမူးဒေသခံများက ဆိုသည်။

ဈေးပြန်ဖွင့်ပြီဆိုသော်လည်း တင်းမာခဲ့သော အခြေအနေများကြောင့် မဖြစ်မနေ ကုန်စိမ်းသယ်သည့် ပျံကျဈေးသည်များမှ လွဲ၍ ကုန်သည်များမှာ မိုးရေးဘက်သို့ သွားလာကြခြင်း မရှိသေးကြောင်း သိရသည်။

တမူးမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းကို လက်ခံဖြေကြားခြင်းမရှိပေ။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်စခန်းတွင် ကွတ်ကီး (ချင်း) လက်နက်ကိုင်အဖွဲ့၊ ကသည်း လက်နက်ကိုင်အဖွဲ့များနှင့် အိန္ဒိယ အစိုးရတို့ မကြာခဏ အပြန်အလှန် သေနတ်ပစ်ဖောက်မှုများ ဖြစ်ပွားသော်လည်း ယခုကဲ့သို့ အမျိုးသမီးအဖွဲ့များ ပါဝင်လာပြီး အရပ်သားများအား အန္တရာယ်ပြုမှုမျိုးမရှိခဲ့ကြောင်း သိရသည်။

“တမူးမြို့နယ် အုပ်ချုပ်ရေးပိုင်းကလည်း မသိချင်ယောင် ဆောင်နေတယ်လေ၊ အခုက မိုးရေးဘက်က လူကကျတော့ မြန်မာဘက်ကို အလွယ်ဝင်နိုင်တယ်။ ကျနော်တို့တတွေ ကျတော့ သူတို့ဆီကို ဝင်မရဘူး၊ မတရားလိုက်တာဗျာ”ဟု တမူးမြို့နယ် လူငယ်ကွန်ယက် အဖွဲ့တာဝန်ခံ ကိုယဉ်ကိုဦးက ပြောသည်။

မိုးရေးဈေးသည် အိန္ဒိယအစိုးရ၏ လက်အောက်ခံ မဏိပူရ်ပြည်နယ်၌ ရှိပြီး မြန်မာပြည်ဘက်မှ တင်သွင်းသည့် ပစ္စည်းများကို အဓိက အားထားနေရသည်။ ဟင်းသီးဟင်းရွက်မှအစ ကုန်ခြောက်များ၊ ဆန်များကို အိန္ဒိယက ဝယ်ယူ နေခြင်းဖြစ်သည်။

လက်နက်ကိုင် အဖွဲ့များသည့်အလျောက် နှစ်ဘက်အစိုးရ၏ အားနည်းချက်များ ရှိနေပြီး နန်းဖာလုံဈေးတွင် ဆိုလျှင် မြန်မာဘက်၌ လာရောက်ခိုလှုံနေသော ကသည်းလက်နက်ကိုင် အဖွဲ့များ၏ ဆက်ကြေးတောင်း ခံရမှုများ ရှိနေကြောင်း၊ အိန္ဒိယမှ လာသော ကုန်သည်အကြီးစားများထံမှလည်း ငွေကြေးအများအပြား တောင်းယူခြင်း၊ ပြန်ပေးဆွဲခြင်းများ ပြုလုပ်သည့် အတွက် အရောင်းအဝယ်တွင် အခက်ခဲများကြုံတွေ့ရကြောင်း နန်းဖာလုံ ဈေးဆိုင်ပိုင်ရှင်များက ဆိုသည်။

ထို့အပြင် ကသည်း လက်နက်ကိုင်များက မြန်မာဘက်မှလူများ၏ နေအိမ်များကို ဖိအားပေး၍ ငှားရမ်းနေထိုင်ကြပြီး ၎င်းတို့ အဖွဲ့အချင်းချင်း ပစ်ခေတ်မှုများကြောင့် ကသည်းများ သေဆုံးခဲ့ပါက မြန်မာအစိုးရမှ အိမ်ရှင်အား တရားစွဲဆို ထောင်ချမှုများ မကြာခဏ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

Your Thoughts …
Tags: Chin State
ကြယ်ပြာ

ကြယ်ပြာ

ဧရာဝတီ

Similar Picks:

နာဂသည် ချင်းမဟုတ်

နာဂသည် ချင်းမဟုတ်

by ထက်နိုင်ဇော်
12 March 2013
3.6k

နာဂလူမျိုးများကို ချင်းလူမျိုးများ ထဲတွင် ထည့်သွင်း ဖော်ပြမှုသည် တိုင်းရင်းသား စည်းလုံး ညီညတ်မှုကို ထိခိုက်စေနိုင်သည်ဟု နာဂလူမျိုးများနှင့် ဆိုင်သော အဖွဲ့အစည်း ၅ ခုက သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။

မြေလတ်ဒေသမှသည် အနောက်ဘက် တောင်တန်းများဆီသို့

မြေလတ်ဒေသမှသည် အနောက်ဘက် တောင်တန်းများဆီသို့

by မြတ်စုမွန်
19 June 2013
5.5k

ဆပ်ပြာခွက်ကို ဘီးတပ်ထား သည့်ပုံစံ ကားပြားပြားကလေးဖြင့် ပခုက္ကူမှ မင်းတပ်မြို့သို့ သွားသည့် လမ်းမှာ စတင် ဖြတ်သန်း ရသည့် ပုံတောင်ပုံညာ မြင်ကွင်းများက အသိစိတ်တွင် စွဲထင်နေသည်

နှလုံးသားပုံ ရိ(ဒ်) ရေကန် (သို့မဟုတ်) ချင်းတောင်တန်းပေါ်က အံ့ဖွယ်အလှတရား

နှလုံးသားပုံ ရိ(ဒ်) ရေကန် (သို့မဟုတ်) ချင်းတောင်တန်းပေါ်က အံ့ဖွယ်အလှတရား

by ကျော်ခ
3 February 2015
18.3k

ရေကန်ကြီးရဲ့ အသည်းနှလုံးပုံ အလှတရားကို တိုက်စားပျက်စီး မသွားအောင် ထိန်းသိမ်း ပေးနေတဲ့ စည်းရိုးနဲ့လည်း တူနေပြန်ပါတယ်။ အဲဒီ မိုးမခပင်တွေကို ဒေသခံတွေ ကတော့ သူတို့ရဲ့ ယုံကြည်မှုအရ “ဝိညာဉ်ခြံစည်းရိုး” လို့ တင်စားခေါ်ဝေါ်ကြ ပါတယ်။

မြွေတောင်ဖားတောင် စီမံကိန်း စတင်မည်ကို တီးတိန် ဒေသခံများ စိုးရိမ်နေ

မြွေတောင်ဖားတောင် စီမံကိန်း စတင်မည်ကို တီးတိန် ဒေသခံများ စိုးရိမ်နေ

by နန်းဆိုင်နွမ်
16 September 2013
2.2k

စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးများ ပျက်စီးသွားမည် ဖြစ်ကြောင်းနှင့် လက်ပံတောင်းတောင် စီမံကိန်း ပဋိပက္ခဖြစ်ပွားမှုမျိုး ကြုံတွေ့ရမည်ကို စိုးရိမ်နေကြကြောင်း

ချင်း ခရစ်ယာန်များ ဖိနှိပ်ခံနေရ

ချင်း ခရစ်ယာန်များ ဖိနှိပ်ခံနေရ

by လင်းသန့်
6 September 2012
6.3k

“သာသနာရေးဝန်ကြီးဌာန အမိန့်နဲ့ လက်ဝါးကပ်တိုင် အကြီးကြီးတွေ ဖြိုချဖျက်ဆီးတာ အားလုံး ၁၃ ကြိမ် ရှိတယ်။ အဲဒီအထဲက သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဖြစ်တာ ၄ ကြိမ် ရှိတယ်”

ချင်း ငြိမ်းချမ်းရေး စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့မည်

by ခိုင်ရီ
19 September 2012
1.7k

“ချင်းပြည်နယ်ရဲ့ မြို့နယ်အားလုံးမှာ ဖွဲ့သွားမှာပါ။ လောလော ဆယ်မှာတော့ မြို့နယ် ၉ မြို့နယ်မှာ ဖွဲ့မယ်။ နောက်ပြီး ရေဇွာနဲ့ ကျီခါးမြို့နယ်ခွဲတွေမှာပါ ဆက်ဖွင့်သွားမယ်”

Next Post
နိုင်ငံရေး လွတ်လပ်မှု တရုတ်ထက် မြန်မာ ပိုရှိလာ

နိုင်ငံရေး လွတ်လပ်မှု တရုတ်ထက် မြန်မာ ပိုရှိလာ

စစ်တပ်က စီးပွားရေး မလုပ်သင့်ကြောင်း လွှတ်တော်တွင် တင်ပြဆွေးနွေး

စစ်တပ်က စီးပွားရေး မလုပ်သင့်ကြောင်း လွှတ်တော်တွင် တင်ပြဆွေးနွေး

Please login to join discussion
No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 day ago
3.6k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate