• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၀န်ကြီး အပြောင်းအလဲကြောင့် ဖုန်းဈေး ကျဆင်းနိုင်

by ဇွဲထက်
18 January 2013
in သတင်း
A A
၀န်ကြီး အပြောင်းအလဲကြောင့် ဖုန်းဈေး ကျဆင်းနိုင်

မြန်မာ့ဆက်သွယ် ဆင်းကဒ်ပုံ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

9.7k
VIEWS
Share on FacebookShare on Twitter

ဆက်သွယ်ရေးဝန်ကြီး အပြောင်းအလဲကြောင့် GSM/WCDMA ဖုန်းဈေးနှုန်းများ ကျပ် ၁ သိန်းအောက် ကျသွားနိုင်ကြောင်း ပုဂ္ဂလိက ဖုန်းရောင်းဝယ်ရေး ကုမ္ပဏီ တာဝန်ရှိသူများက ဧရာဝတီသို့ ပြောသည်။

ပထမ အသုတ် GSM/WCDMA ဖုန်း ၁သန်းခွဲကို ကျပ် ၂ သိန်း အောက် ချရောင်းရန် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်း လုပ်ဆောင်နေသည့် ဖုန်း ကုမ္မဏီများမှ တာဝန်ရှိသူ တချို့က ပြောဆိုခဲ့သော်လည်း လက်မခံဘဲ ဆက်သွယ်ရေး ဝန်ကြီးက ကျပ် ၂ သိန်းဖြင့်သာ ရောင်းခဲ့သည်ဟု ဆိုသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
657
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.4k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
723

“ဈေးလျှော့ရောင်းတာ ကျနော်တို့ ကုမ္မဏီတွေအနေနဲ့ ဘာမှ မထိခိုက်ပါဘူး။ ဝန်ကြီးက စောစောကတည်းက လေးငါးရှစ် သောင်း လောက်နဲ့ ရောင်းလို့ ရတာကို ၂ သိန်းနဲ့ တင်ပြီးရောင်းထားတယ်။ ဝိုင်းကန့်ကွက်လို့ မရဘူး။ အခု ရောင်းမယ်ဆို ၂ သိန်းနဲ့ ရောင်းလို့ မဖြစ်တော့ဘူး” ဟု IGE ကုမ္မဏီမှ တာဝန်ရှိသူ တဦးဖြစ်သည့် ကိုထွန်းထွန်းလင်းက ပြောသည်။

ကျန်ရှိနေသည့် GSM/WCDMA ဖုန်း ဆင်းကတ် ၃ သန်းခန့်ကို ဧပြီလ အတွင်း GSM ကျပ် ၅ သောင်း၊ WCDMA ကျပ် ၈ သောင်းဖြင့် ရောင်းချ သွားရန် ရှိကြောင်းနှင့် ဖုန်းခေါ်ဆိုခများလည်း ဈေး ထပ်ချပေးသွားရန်ရှိကြောင်း ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္မဏီ များ က ခန့်မှန်းထားကြသည်။

လက်ရှိ အခြေအနေအရ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများ အပြိုင်အဆိုင် ရင်နှီးမြှုပ်နှံလာနိုင် ကြောင်း စီးပွားရေးသမားများက ပြောသည်။

“ကျပ် ၅၀၀၀ တန် ဖုန်းကတ် ထွက်ရှိရေးအတွက် နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက် နေပါတယ်။ ဒီနှစ်ထဲမှာ ထွက်လာမယ်” ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ တာဝန်ရှိသူ ကိုလွင်နိုင်ဦးက ပြောသည်။

ဆက်သွယ်ရေးတွင် အများပြည်သူ စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ရန်နှင့် တနိုင်ငံလုံး ဆက်သွယ်ရေး ဝန်ဆောင်မှု အပြည့်ရရှိစေ ရန် ရေဒီယို၊ တယ်လီဖုန်း၊ ကြေးနန်း၊ တယ်လီဗီးရှင်း စီမံခန့်ခွဲမှု (Telecommunication Operator)၂ ခုကို ၂၀၁၃ ခုနှစ် အတွင်း လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ သိရသည်။

“ဖုန်းတွေ ဈေးကျပြီပြောတာ့ မြန်မာ့ ဆက်သွယ်ရေးကို ဝယ်မလို့မေးကြည့်တယ်။ မရသေးဘူးတဲ့။ ကျမတို့ အနေအထား က လည်း သိပ်မတတ်နိုင်ဘူးလေ။ ဖုန်းရှိထားရင် လုပ်ငန်းမှာ အချိန်ကုန် သက်သာမလားလို့ပါ” ဟု ရန်ကုန်မြို့ မြေနီကုန်း ရှိ အရောင်းအဝယ်သမား တဦးက ပြောသည်။

ဆက်သွယ်ရေးလုပ်ငန်းတွင် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ ဝင်ရောက်ရင်နှီးပြီး ယှဉ်ပြိုင်လာပါက ဈေးနှုန်းများသည် အာဆီယံ နိုင်ငံများနှင့် အညီ ဖြစ်သွားနိုင်ကြောင်း ရန်ကုန် ပန်းဆိုးတန်းရှိ ဖုန်း ဝယ်ရောင်း ပွဲစားများကလည်း ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ တန်ဖိုးနည်းဖုန်း သန်း (၃၀) စီမံကိန်းကို စတင်သည့်အနေဖြင့် ၂၀၁၂ ခုနှစ် မတ်လအတွင်း ပထမအသုတ် ဖုန်းအလုံးရေ ၁သန်းခွဲတွင် GSM ဖုန်း ဆင်းကတ်ကို ကျပ် ၂သိန်း၊ WCDMA ဖုန်း ဆင်းကတ်ကို၂ သိန်းခွဲဖြင့် စတင်ရောင်းချခဲ့ သည်။

ယမန်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်းကို ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း သမ္မတ ဦးသိန်းစိန် ၏ လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။

Your Thoughts …
Tags: MediaMinisters
ဇွဲထက်

ဇွဲထက်

Contributor

Similar Picks:

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

by နိုင်မောင်
20 January 2015
14.2k

ကိုအောင်ဆန်းသည် ကျောင်းထုတ်ခံ၍ အယ်ဒီတာ တယောက်၊ သတင်းစာ ဆရာ တယောက် လိုက်နာအပ်သော ကျင့်ဝတ် စည်းကမ်း(The Code of Press Ethics)ကို ကျင့်သုံးသွားခြင်းပင် ဖြစ်သည်။

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

by ဧရာဝတီ
31 January 2025
124

အမေရိကန်အစိုးရက နိုင်ငံတကာကို အကူအညီပေးနေတဲ့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်တဲ့အတွက် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ သတင်းမီဒီယာ တချို့ဟာ သတင်းထုတ်လုပ်ရေးနဲ့ သတင်းဌာန ရပ်တည်ရေးတွေအတွက်ပါ စိန်ခေါ်မှုတွေကြုံနေကြရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

by ရန်ပိုင်
15 July 2013
11.2k

ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အသံဖိုင်ဟာ လူမှုကွန်ရက် Facebook ကနေတဆင့် ပျံ့နှံ့ခဲ့တာပါ။

မြန်မာ ခေတ်သစ် မေရီ အင်တွိုင်းနက်များ

မြန်မာ ခေတ်သစ် မေရီ အင်တွိုင်းနက်များ

by သစ္စာနီ
4 February 2013
16.9k

အဲဒါနဲ့ သူလည်း လူထု ကြားထဲမျာ “တနပ်စား မြင့်လှိုင်” ဆိုတဲ့ နာမည် ရသွားပါတယ်။ “ဖယောင်းတိုင် ကိုကိုလှိုင်” ဆိုတာ ရှိသေးတယ်။ သမ္မတရဲ့ အကြံပေးက သမ္မတကို အကြံမပေးဘဲ လူတွေကို အကြံပေးတယ်။

အစိုးရ သတင်းစာ, ကြော်ငြာခ, ပုဂ္ဂလိက စာနယ်ဇင်း

အစိုးရ သတင်းစာများ ကြော်ငြာနှုန်း လျှော့ချမှု ပုဂ္ဂလိကဈေးကွက် ထိခိုက်နိုင်ဟု ဆို

by ဇူးဇူး
23 January 2015
2k

လက်ရှိ ပုဂ္ဂလိက သတင်းစာတွေရဲ့ လည်ပတ်မှုနှုန်းက ဘာကိုမှီခိုပြီး သွားရမလဲ ဆိုတော့ ကြော်ငြာကိုပဲ မှီခိုပြီး သွားရမယ်။ ကြော်ငြာရရင် အရှုံး သက်သာမယ်၊ မရှုံးဘူး။ ကြော်ငြာ မရဘူး ဆိုရင်တော့ ရှုံးမယ်၊ ရေရှည်မှာ ရပ်တည်ဖို့...

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

by ဧရာဝတီ
27 April 2015
28.2k

သြစတြေးလျရုပ်သံလိုင်းတခု ဖြစ်သည့် Nine Network ၏ “မိနစ် ၆၀ (60 Minuites)” အစီအစဉ်က သူ၏ အသုံးအဖြုံး ကြီးမားမှုကို ဖွင့်ချခဲ့သည်။

Next Post

ပြည်သူ့လွှတ်တော်က ငြိမ်းကော်မတီနှင့် ကချင်သို့ တိုက်တွန်းချက် ထုတ်ပြန်

ကာတွန်းဆရာတွေ မြူးတဲ့ ညနေ

ကာတွန်းဆရာတွေ မြူးတဲ့ ညနေ

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate