ပြည်သူ့လွှတ်တော်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ နှင့် KIO/KIA သို့ ဇန်နဝါရီ ၁၁ ရက် နေ့စွဲဖြင့် တိုက်တွန်းချက် တရပ် ထုတ်ပြန်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ယင်း ထုတ်ပြန်ချက်တွင် အပိုဒ် ၃ ပိုဒ်ပါဝင်ပြီး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြရန် ခက်ခဲမှုရှိနေစဉ်အတွင်း ပွင့်လင်း မြင်သာသော Electronic Online ဆွေးနွေးမှုများကို အများပြည်သူ ထင်သာမြင်သာရှိရန် ထုတ်ပြန်ခြင်းဖြင့် လည်းကောင်း၊ ပြည်သူ့ထံမှ ထွက်ပေါ်လာသော ပြည်သူ့ဆန္ဒများကို အလေးအနက်ထားကြသည့် နှစ်ဖက်ဆွေးနွေးမှုများဖြင့် နားလည်မှုများ တည်ဆောက်၍ ယုံကြည်မှုများကို ဖော်ဆောင်ကာ စစ်ရေးအရှိန် တင်းမာနေမှုများအား လျှော့ချပြီး ထာဝရ ငြိမ်းချမ်းရေး လမ်းကြောင်းကို တည်ဆောက် ပေးကြပါရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် KIA/ KIO သို့ ပြည်သူ့ လွှတ်တော်က တိုက်တွန်းပါသည်ဟု ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။