သတင်းတို

GE ကုမ္ပဏီ မြန်မာ့ဈေးကွက် ဝင်မည်

This article has been converted from Zawgyi One to Unicode

ကမ္ဘာ့အကြီးဆုံး ကော်ပိုရေးရှင်းကြီးတခု ဖြစ်သော General Electric ကုမ္ပဏီ၏ အရှေ့တောင်အာရှဆိုင်ရာ အကြီးအကဲက လာမည့် နှစ် အနည်းငယ်အတွင်း စွန့်စားမှုနှင့် အကျပ်တည်းများပြားသည့် မြန်မာနိုင်ငံ၌ ဒေါ်လာ သန်း ၅၀၀ အထိ ရင်းနှီးမြှုပ်နှံသွားရန် မျှော်လင့်ထားကြောင်း The Wall Street Journal တွင် ဖော်ပြထားသည်။
“ဒီနိုင်ငံက အရေးပါတဲ့ အနေအထားကို ပြောင်းလဲ ရောက်ရှိလာတာပါ။ ပြီးတော့ အခြေခံ အဆောက်အအုံ အတွက်လည်း လိုအပ်ချက်တွေက ကြီးမား များပြားဆဲပါ။ တကယ်လို့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ဆီ ဦးတည်ပြီ ဆိုတာနဲ့ သန်း ၂၅၀ ကနေ သန်း ၅၀၀ လောက်အထိ နှစ်စဉ် မှာကြားလာမယ်လို့ ခန့်မှန်းမိတယ်”ဟု ယင်း ကုမ္ပဏီ၏ အာရှရေးရာတာဝန်ခံ Stuart Dean က ပြောသည်။

Loading