သတင်းတို

ဗန်းမော်-မိုးမောက် ကားလမ်းပေါ်တွင် ပေါက်ကွဲမှု၊ ၃ ဦး ဒဏ်ရာရ

This article has been converted from Zawgyi One to Unicode

ဗန်းမော်-မိုးမောက် ကားလမ်းပေါ်တွင် ယမန်နေ့ ညနေ ၄ နာရီ ၂၀ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၃ ဦး ထိခိုက်ဒဏ်ရာရကြောင်း ဗန်းမော် ရဲစခန်းထံမှ သိရသည်။ ဒဏ်ရာရသူများမှာ မိုးမောက်သို့ ကြက်စာ ပို့ဆောင်သူ သုံးဘီးကား မောင်းသမား ဦးသန်းစိုး၊ လမ်းဘေးတွင် ထိုင်နေသူ ဦးမရန်အာနန်နှင့် ဦးကျော်ကျော်ဟန်တို့ ဖြစ်ပြီး ဗန်းမော်မြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဦးကျော်ကျော်ဟန် အခြေအနေကောင်းသဖြင့် ယနေ့နေ့လည်တွင် ဆေးရုံကြီးမှ ပြန်ဆင်းခွင့်ရပြီးဖြစ်ကြောင်း သိရသည်။

Loading