သတင်းတို

လဂျားယန် စခန်းတခုကို အစိုးရတပ် ထပ်မံသိမ်းပိုက်

This article has been converted from Zawgyi One to Unicode

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့နှင့် ၇ မိုင်ခန့် ကွာဝေးသည့် လဂျားယန်ဒေသမှ တပ်စခန်းတခုကို အစိုးရ တပ်ဖွဲ့ဝင်များက ယနေ့ သိမ်းပိုက် နေရာယူလိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါ စခန်းကို အစိုးရတပ်က ယမန်နေ့ညနေ ၅ နာရီမှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း ပူးပေါင်းတပ် ဖွဲ့ဝင်များက ဆုတ်ခွာပေးလိုက်ကြောင်း ABSDF မြောက်ပိုင်း တပ်ဖွဲ့မှ ကိုကျော်ကျော်က ဧရာဝတီသို့ ပြောသည်။ အစိုးရတက်များ လိုင်ဇာမြို့သို့ နီးကပ်လာသောကြောင့် မြို့ခံများသည် တရုတ်နိုင်ငံဘက်သို့ ရှောင်တိမ်းရန် ပြင်ဆင်ထားကြောင်း သိရသည်။

Loading