အီရန်နိုင်ငံက မြန်မာနိုင်ငံတွင် သံရုံးဖွင့်လှစ်နိုင်ရေး ကြိုးစားနေကြောင်း သတင်းရသည်။ အီရန်နိုင်ငံ ၏ အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ Seyyed Hossein Naqavi-Hosseini က မြန်မာ အစိုးရအနေဖြင့် သံရုံးဖွင့်မည့် ကိစ္စကို စဉ်းစားဆောင်ရွက်နေကြောင်း သတင်းစာနှင့် တီဗီ အစီအစဉ်များတွင် ထည့်သွင်း ပြောကြားသွားသည်ဟု ဆင်ဟွာ သတင်း တရပ်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရခိုင်ဒေသ အရေးနှင့် ပတ်သက်ပြီး လေ့လာဆွေးနွေးရန် မကြာသေးခင်က အီရန်ပါလီမန် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်ပြီးနောက် ယခုကဲ့သို့ သံရုံးဖွင့်လှစ်မည့် အစီအစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။