သတင်းတို
တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း မေလတွင် ပြီးစီးမည်
This article has been converted from Zawgyi One to Unicode
တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီ CNPC သည် မြန်မာနိုင်ငံမှ ဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ခြင်း လုပ်ငန်းများ မေလတွင် ပြီးစီးမည်ဖြစ်ကြောင်း China Economic Review တွင် ဖော်ပြထားသည်။ မေလကုန်တွင် ဓာတ်ငွေ့များ စတင်ပေးပို့ လည်ပတ် နိုင်မည်ဖြစ်ပြီး တနှစ်လျှင် ၁၂ ဘီလီယံ ကုဗ မီတာ ရှိမည်ဟု ယင်းကုမ္ပဏီက သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံသည် စွမ်းအင် ဖြည့်ဆည်းရေးအတွက် မြန်မာ နိုင်ငံအပြင် အာဖရိက၊ အရှေ့အလယ်ပိုင်း နိုင်ငံများမှလည်း ဝယ်ယူနေရသည်။