သတင်းတို

ရန်ကုန်-တောင်ကုတ် ခရီးသည်တင်ကား ချောက်ထဲကျ၊ လူသေဆုံးမှုရှိ

This article has been converted from Zawgyi One to Unicode

ရန်ကုန်-တောင်ကုတ် ပြေးဆွဲနေသည့် အောင်သစ္စာ ခရီးသည်တင်ကားတစီးသည် တောင်ကုတ်မြို့ အဝင်တွင် ယနေ့နံနက် စောစောပိုင်းက ချောက်ထဲ ထိုးကျသောကြောင့် အသေအပျောက်ရှိကြောင်း သိရသည်။ လတ်တလော အတည်ပြုနိုင်သည့် စာရင်းအရ ကလေးတဦး၊ အမျိုးသားတဦးနှင့် အမျိုးသမီးတဦး သေဆုံးကြောင်း၊ ဒဏ်ရာရသည့် ခရီးသည်များကို တောင်ကုတ်ဆေးရုံသို့ ၃၁ ဦး၊ သံတွဲဆေးရုံသို့ ၄ ဦး ပို့ဆောင်ထားကြောင်း တောင်ကုတ် ပြန်ကြားရေးနှင့် ဆက်ဆံရေးဌာနမှ သိရသည်။ သေဆုံးမှုစာရင် ထပ်တိုးလာနိုင်ကြောင်း သိရသည်။

Loading