သတင်းတို

တာချီလိတ်တွင် မူးယစ်ဂိုဏ်းခေါင်းဆောင်ကို အသေမိ၊ ၅ ဦး လက်နက်ချ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်တွင် ပြည်သူ့စစ်နှင့် အစိုးရတပ်က ဇန်နဝါရီလ ၁၇ ရက်နေ့တွင် နယ်မြေရှင်းလင်းစဉ် မူးယစ်ဂိုဏ်း ခေါင်းဆောင်ဟု ယူဆရသူ ကျဟဲကို လက်နက်များနှင့် အတူ အသေဖမ်းဆီးရမိကြောင်း သိရသည်။ ကျကွဲ၊ ကျတီခဲ၊ ပါနတ်၊ ကျဘူရှီးနှင့် မချော်ကဲ တို့သည်လည်း အစိုးရစစ်ကြောင်းရှိရာသို့ ဇန်နဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် သေနတ်၊ လောင်ချာ၊ အာပီဂျီ၊ ဗုံးသီးများနှင့်အတူ အသီးသီး လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။

Loading