ကမ္ဘာ့ဘဏ်က မြန်မာ့ အသေးစား ငွေချေးလုပ်ငန်းအတွက် ဒေါ်လာ ၂ သန်း ချေးမည်
This article has been converted from Zawgyi One to Unicode
ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေးဌာနမှ မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အစီအစဉ်အတွက် အသေးစား ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၂ သန်း ထုတ်ချေးသွားမည်ဖြစ်ကြောင်း The Business Times သတင်းတရပ်တွင် ဖော်ပြထားသည်။ ယင်း ချေးငွေသည် မြန်မာနိုင်ငံအတွက် ပထမဆုံး ချေးငွေ ဖြစ်ပြီး စစ်အုပ်ချုပ်ရေးအပြီး အပြောင်းအလဲ ကာလတွင် နိုင်ငံခြား အလှူရှင်များအား ဆွဲဆောင်မည့် အစီအစဉ် ဖြစ်နိုင်ကြောင်း နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) က ရှင်းလင်းသည်။ ဂျာမန်၊ ပြင်သစ်နိုင်ငံများမှ ပူးပေါင်းပါဝင်သူများနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ADLEDA ဘဏ် တို့ ပူးပေါင်းကာ မြန်မာ အသေးစား ချေးငွေ လုပ်ငန်း (ACLEDA MFI Myanmar) အဖြစ် ယခုနှစ်အတွင်း လုပ်ကိုင်ပံ့ပိုးသွားမည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းက မြန်မာနိုင်ငံ၏ ဘဏ်များ အခန်းကဏ္ဍသည် နှစ်ပေါင်းများစွာ ပူးပေါင်း ဆောင်ရွက်မှုများ ကင်းမဲ့ခဲ့သဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံးဆင့် ရှိနေကြောင်း ပြောဆိုသည်။